Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုခုခံတော်လှန်နေသည့် ကရင်နီတပ် KA၏ တပ်မတော်နေ့ အခမ်းအနားကျင်းပ

ကရင်နီပြည်တပ်မတော်(KA)၏ ၇၃နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ယနေ့ တွင် ကျင်းပခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင်ရှိသော ကရင်နီပြည်တပ်မတော်(KA)၏ ၇၃နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ယနေ့ တွင် ကျင်းပခဲ့သည်။

ဩဂုတ် ၁၇ရက်တွင်ကျရောက်သည့် ကရင်နီပြည်တပ်မတော်နေ့သို့ KNPPက သဝဏ်လွှာပေးပို့ သကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ခုခံတိုက်ခိုက်ရေးကို KAနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။
ကရင်နီအမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် မရောက်မီ နိုင်ငံရေးသတိ စစ်ရေးသတိများကို လက်ဆုပ်လက်ကိုင်ပြုရမည်ဖြစ်ကြောင်း KNPP၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်စဉ်ကို ရိုးသားစွာ ချဉ်းကပ်သည့်တိုင်မိမိတို့၏ မှန်ကန်သော ရပ်တည်မှုအပေါ် နိုင်ငံရေးဖိအား၊ စစ်ရေးဖိအားများဖြင့် တွန်းအားပေးလာမှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကရင်နီပြည်တပ်မတော်သည် ကြံ့ကြံ့ခိုင်ဖို့လိုသည်ဟုလည်း ဖော်ပြထားသည်။

ကရင်နီတပ်မတော်သည် စစ်ကောင်စီက ကရင်နီပြည်အတွင်း မေလ ၂၀ရက်မှ စတင်ခဲ့သော ထိုးစစ်များကို တွန်းလှန်တိုက်ခိုက်ခဲ့သော တိုက်ပွဲများ၌ ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ လူငယ်များကိုလည်း စစ်အာဏာရှင်စနစ် တွန်းလှန်ရေးအတွက် အခြေခံ စစ်ပညာများ သင်ကြားပေးခဲ့သည့်အပြင် ကရင်နီဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိကြောင်း KNDF ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။