Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးကို ကုလကိုင်တွယ်တုံ့ပြန်ရေး အတွင်းရေးမှူးချုပ်ကိုယ်တိုင်ဦးဆောင်ဖို့ Burma Campaign UK တောင်းဆို

ကုလအထူးကိုယ်စားလှယ်ကို စေလွှတ်တာထက် အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာပြည်ကို သွားရောက်တာက စစ်တပ်အတွက် လျစ်လျူရှုဖို့ခက်ခဲတဲ့တောင်းဆိုမှုဖြစ် လိမ့် မယ်လို့ Burma Campaign UK က ထောက်ပြပါတယ်။

(စစ်အာဏာရှင်ဖြတ်ချ​ရေး မြန်မာလူငယ်များ ချီတက်ဆန္ဒပြ​နေစဥ်၊ ဓါတ်ပုံ - CJ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီနေ့ဆွေးနွေးဖို့ရှိနေပြီး ကုလသမဂ္ဂက ကိုင်တွယ်တုံ့ပြန်ရေးအတွက်အထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ် ကိုယ်တိုင်ဦးဆောင်ဖို့ Burma Campaign UKက တောင်းဆိုလိုက်ပါတယ်။

ကုလလုံခြုံရေးကောင်စီဟာ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့ မြန်မာ့အရေးကို ဆွေးနွေးမှာဖြစ်ပြီး မြန်မာနိုင်ငံဟာ အကြမ်းဖက်စစ်တပ်ရဲ့ ညံ့ဖျင်းမှုနဲ့ နိုင်ငံကို အုပ်ချုပ်နိုင် ရေးအတွက် ကိုဗစ်ကို လက်နက်သဖွယ်အသုံးချနေမှုနှစ်ခုစလုံးကြောင့် ပိုမိုဆိုးရွား လာနေတာလည်းဖြစ်ပါတယ်။

“အရေးယူဆောင်ရွက်ဖို့ ရုရှားနဲ့ တရုတ်က လုံခြုံရေးကောင်စီမှာ ပိတ်ဆို့ထားမှုနဲ့အတူ ကုလအထူးကိုယ်စားလှယ်ကိုလည်း စစ်တပ်က လျစ်လျူရှုထားပါတယ်။ နောက်ပြီး အာဆီယံရဲ့ကြား ဝင်ဖြေရှင်းမှုက သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်လို့ ဘယ်သူကမျှ မယုံ ကြည်ပါဘူး။ အရေးယူဆောင်ရွက်ဖို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်တိုင် ဦးဆောင်မှုကသာ တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းပါ”လို့ Burma Campaign UK ရဲ့ အမှု ဆောင်ဒါရိုက်တာ Anna Roberts က ပြောပါတယ်။

ကုလအထူးကိုယ်စားလှယ်ကို စေလွှတ်တာထက် အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာပြည်ကို သွားရောက်တာက စစ်တပ်အတွက် လျစ်လျူရှုဖို့ခက်ခဲတဲ့တောင်းဆိုမှုဖြစ် လိမ့် မယ်လို့ Burma Campaign UK က ထောက်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စား လှယ်ခရစ္စတင်းရှယန်နာဘာဂျီနာဟာ အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက မြန်မာပြည်လာရောက်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကြမ်းဖက်မြန်မာစစ်တပ်က ပြည်ဝင်ခွင့်မပေးသေးပါဘူး။

ဒါကြောင့် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အနေနဲ့ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုမှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ထောက်ခံမှုနဲ့အတူကိုယ်တိုင် ပြောဆိုနိုင်လိမ့်မယ်လို့ Burma Campaign UK က သုံးသပ်ပါတယ်။

“ကုလသမဂ္ဂက အစည်းအဝေးတွေ ကျင်းပနေတာ၊ ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာတွေကို မြန်မာနိုင်ငံက မလိုအပ်ပါဘူး။ မြန်မာလိုအပ်နေတာ လက်တွေ့ကျတဲ့အရေးယူဆောင်ရွက်မှုပါ” လို့ Anna Roberts က ဆိုပါတယ်။

“အန်တိုနီယိုဂူတာရက်စ်အနေနဲ့ လေယာဉ်ပေါ်တက်ပြီး မြန်မာနိုင်ငံသွားရမယ့် အချိန်ရောက်နေ ပါပြီ။ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ သူ့ရုံးအဖွဲ့ကို စတင်သင့်ပါပြီ” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်တုန်းက မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၄၃ ခုဟာ စစ်တပ်ရဲ့ ပြည်သူ လူထုအပေါ် စစ်ပြုနေခြင်းကို ရပ်တန့်ဖို့အပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါရင်ဆိုင်နေ ရတဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂကကိုင်တွယ်ဖြေရှင်းရေးအတွက် အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ဖို့ စာရေးသားတောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲသတ်မှတ်ကြောင်း အာဏာသိမ်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ လူထုထောက်ခံမှု လိုချင်လို့ လှည့်စားတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ တံခါးပိတ် ဆွေးနွေးပြီးချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က NATOအပေါ် ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။