Connect with us

Hi, what are you looking for?

News

စစ်သား၂၅ယောက် ထွက်ပြေးသည်ဟုသတင်းထွက်ပြီးနောက် ထားဝယ်မြို့ပေါ် စစ်ဆေးမှုတင်းကြပ်

ထားဝယ် ခလရ တပ်မှ စစ်သား ၂၅ဦး ထွက်ပြေးသွားသည့် သတင်းကို ထားဝယ်အခြေစိုက် သတင်းဌာန အချို့နှင့် ပြည်တွင်းသတင်းဌာနအချို့၌ ဖော်ပြမှု ရှိသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

People's Spring
People's Spring

ထားဝယ်အခြေစိုက် တပ်ရင်းတစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦး လက်နက်အပြည့်အစုံနှင့် ထွက်ပြေးသည်ဟု သတင်းထွက်ပေါ်ပြီးနောက် မြို့ပေါ်၌ စစ်ဆေးမှု တင်းကြပ်နေကြောင်း ထားဝယ်ဒေသခံက ပြောသည်။

ထွက်ပြေးသွားသည် စစ်သား ၂၅ဦးသည် ထားဝယ်မြို့အနီးရှိ ခလရ(၂၅) တပ်ရင်းမှ ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

“ခလရ (၂၅) တပ်ရင်းကနေ စစ်သား ၂၅ယောက် ယူနီဖောင်း အပြည့် လက်နက်အပြည့်နဲ့ ထွက်ပြေးသွားတယ်ဆိုပြီးတော့ ကြားတယ်။ မြို့ထဲမှာတော့ အထွက်အဝင် ဂိတ်တွေ မှာတော့ အစစ်အဆေးတွေများတယ်။ အစစ်အဆေးတွေကအရင်နေ့တွေကလည်းရှိနေတာပဲ ဒါပေမဲ့ ဒီနေ့ကျမှ ပိုပြီးတော့ တင်းကြပ်သလိုဖြစ်နေတာ” ဟု ဒေသခံက ပြောသည်။

ထားဝယ် ခလရ တပ်မှ စစ်သား ၂၅ဦး ထွက်ပြေးသွားသည့် သတင်းကို ထားဝယ်အခြေစိုက် သတင်းဌာန အချို့နှင့် ပြည်တွင်းသတင်းဌာနအချို့၌ ဖော်ပြမှု ရှိသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်မိုးတေရွာအုပ်စု ကွန်စံလိတ်ကျေးရွာက ဒေသခံပြည်သူရဲ့ နေအိမ် (၂)အိမ်ကို စစ်သား၂ဦးကအိမ်ရှင်ကို သေနတ်ထောက် ဓားပြတိုက်သွားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ပါတယ်။

သတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော့သောင်းစက်လှေဂိတ်ကနေတဆင့် ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

သတင်း

စစ်သားလေးဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ချောင်းဦး PDFပြော

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို တိုက်ခိုက်ရာ ခုနစ်ဦးသေပြီး လက်နက်နှစ်လက်သိမ်းရတယ်လို့ ကျောက်လုံးကြီး PDFက ထုတ်ပြန်ပါတယ်။