Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်သား၂၅ယောက် ထွက်ပြေးသည်ဟုသတင်းထွက်ပြီးနောက် ထားဝယ်မြို့ပေါ် စစ်ဆေးမှုတင်းကြပ်

ထားဝယ် ခလရ တပ်မှ စစ်သား ၂၅ဦး ထွက်ပြေးသွားသည့် သတင်းကို ထားဝယ်အခြေစိုက် သတင်းဌာန အချို့နှင့် ပြည်တွင်းသတင်းဌာနအချို့၌ ဖော်ပြမှု ရှိသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

People's Spring
People's Spring

ထားဝယ်အခြေစိုက် တပ်ရင်းတစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦး လက်နက်အပြည့်အစုံနှင့် ထွက်ပြေးသည်ဟု သတင်းထွက်ပေါ်ပြီးနောက် မြို့ပေါ်၌ စစ်ဆေးမှု တင်းကြပ်နေကြောင်း ထားဝယ်ဒေသခံက ပြောသည်။

ထွက်ပြေးသွားသည် စစ်သား ၂၅ဦးသည် ထားဝယ်မြို့အနီးရှိ ခလရ(၂၅) တပ်ရင်းမှ ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

“ခလရ (၂၅) တပ်ရင်းကနေ စစ်သား ၂၅ယောက် ယူနီဖောင်း အပြည့် လက်နက်အပြည့်နဲ့ ထွက်ပြေးသွားတယ်ဆိုပြီးတော့ ကြားတယ်။ မြို့ထဲမှာတော့ အထွက်အဝင် ဂိတ်တွေ မှာတော့ အစစ်အဆေးတွေများတယ်။ အစစ်အဆေးတွေကအရင်နေ့တွေကလည်းရှိနေတာပဲ ဒါပေမဲ့ ဒီနေ့ကျမှ ပိုပြီးတော့ တင်းကြပ်သလိုဖြစ်နေတာ” ဟု ဒေသခံက ပြောသည်။

ထားဝယ် ခလရ တပ်မှ စစ်သား ၂၅ဦး ထွက်ပြေးသွားသည့် သတင်းကို ထားဝယ်အခြေစိုက် သတင်းဌာန အချို့နှင့် ပြည်တွင်းသတင်းဌာနအချို့၌ ဖော်ပြမှု ရှိသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။