Connect with us

Hi, what are you looking for?

News

မိုးကုတ်မှာမြေပြိုလို့ ကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး ၊ ပိတ်မိနေသူ ၁၀ ဦးထက်မနည်းကို ရှာဖွေနေ

မြေပြိုမှုကြီးမားတဲ့အတွက် လူမှုကူညီရေးအသင်းတွေ ၊မီးသတ်တပ်ဖွဲ့တွေ နဲ့ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေဆဲလို့ ဆိုပါတယ်။

မိုးကုတ်မြို့ ၊အောင်သစ်လွင်ရပ်ကွက်မှာ ဒီနေ့မနက်အစောပိုင်းက မြေပြို မှုကြောင့် လူ ၁၀ ဦးထက်မနည်း ပိတ်မိနေကာ ကလေး ၂ ဦးအပါအဝင် ရုပ်အလောင်း ၃ လောင်းကိုရှာဖွေတွေ့ရှိထားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

ဒီမြေပြိုမှုမှာ ပိတ်မိနေသူ ၁၀ ဦးမထက်နည်းရှိတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်မြို့နယ်)ရုံး သတင်းနဲ့ပြန်ကြားရေးက ကိုဟိန်းထက်မောင်ကပြောပါတယ်။

မြေပြိုမှုကြီးမားတဲ့အတွက် လူမှုကူညီရေးအသင်းတွေ ၊မီးသတ်တပ်ဖွဲ့တွေ နဲ့ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေဆဲလို့ ဆိုပါတယ်။

သေဆုံးသွားသူတွေ ၃ ဦးဟာအမျိုးသမီးတွေဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မနက် ၇ နာရီ မထိုးခင်လောက်က နေအိမ်တွေအပေါ် တောင်ကမ်းပါးယံပြိုကျခဲ့တာဖြစ်ပြီး နေအိမ် ၃ လုံးလောက်ပျက်စီးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း သြဂုတ် ၁၂ နဲ့ သြဂုတ် ၁၃ ရက်တွေ က မိုးကုတ်မြို့မှာ မြေပြိုမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ခဲ့ပြီးကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တာရှိပါတယ်။

မြေပြိုမှုအန္တရာယ်ရှိတာကြောင့် တောင်ကုန်းတွေနားနေထိုင်သူတွေကို လူမှုကူညီရေးအသင်းတွေက သတိပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။