Connect with us

Hi, what are you looking for?

News

ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့် အကြမ်းဖက်စစ်ကောင်စီလုံး၀ရရှိမှာမဟုတ်ဘူးလို့ NUG ပြော

အာဏာသိမ်းတာ ၇ လနီးပါးရှိလာချိန်အထိ အကြမ်းစစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုခြင်းမရှိသေးဘဲ အရပ်သားအစိုးရခန့်အပ်ခဲ့တဲ့၊ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်လက်ခံအသိအမှတ်ပြုထားပါတယ်။

People's Spring
People's Spring

စက်တင်ဘာမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို အကြမ်းဖက်စစ်ကောင်စီက တက်ရောက်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီက ကိုယ်စားပြုခွင့်လုံး၀မရရှိမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ NUG ရဲ့ စတုတ္ထအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဒုတိယဝန် ကြီး ဦးမိုးဇော်ဦးက မြန်မာနိုင်ငံကိုယ်စားပြုမှုရရှိဖို့ NUG က ကြိုးစားနေပြီး သေချာတာကတော့ စစ်ကောင်စီက နိုင်ငံကိုယ်စားပြုခွင့်လုံး၀ရရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။

“စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုပြီး ကုလ သမဂ္ဂအထွေထွေညီလာခံမှာ တရားဝင်ကိုယ်စားပြုမှုကို ထောက်ခံ မယ်ဆိုတဲ့နိုင်ငံဟာ ကျွန်တော်သိသလောက် လက်ငါးချောင်းချိုးလို့ မပြည့်ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြုမှုကို ကုလသမဂ္ဂ ညီလာခံမှာ လက်မခံတဲ့နိုင်ငံတွေကတော့ တစ်ကမ္ဘာလုံးပါပဲ။ ဒါ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ တစ်ကမ္ဘာလုံးပါပဲ။ ဒီကိစ္စ နဲ့ပတ်သက်လို့ စစ်ကောင်စီ အနေနဲ့ ဘယ်လောက်ကြိုးစားကြိုးစား သူတို့အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူတို့ရဲ့ ကိုယ်စားပြုမှု ရရှိမှာမဟုတ်ဘူးဆိုတာကိုတော့ ဒါ အတပ်ပြောရဲပါတယ်” လို့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားပြုခွင့်လုံး၀မရရှိ ရေးဟာ NUG ရဲ့ အဓိက ရည်ရွယ်ကြိုးပမ်းချက်ဖြစ်ပြီး အဲဒီအတွက်လည်း နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းတာ ၇ လနီးပါးရှိလာချိန်အထိ အကြမ်းစစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုခြင်းမရှိသေးဘဲ အရပ်သားအစိုးရခန့်အပ်ခဲ့တဲ့၊ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်လက်ခံအသိအမှတ်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။