Connect with us

Hi, what are you looking for?

LuduNwayOo

News

သတင်းထောက်တွေအရေးယူခံရတဲ့အပေါ် တုန်လှုပ်ချောက်ချားရတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ သတင်းထောက် ၁၀၀ နီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရပြီး ၅၀ ကျော်ဟာ အကျဉ်းထောင်များအတွင်းရောက်ရှိနေပါတယ်။

သတင်းထောက်တွေဟာ သူတို့အလုပ်သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေကြားသိရတဲ့အတွက် တုန်လှုပ်ချောက်ချားရတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ သတင်းထောက် ၁၀၀ နီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရပြီး ၅၀ ကျော်ဟာ အကျဉ်းထောင်များအတွင်းရောက်ရှိနေပါတယ်။

“မြန်မာနဲ့ကမ္ဘာတစ်လွှားက ပြည်သူလူထုတွေအနေနဲ့ သူတို့ယုံကြည်တာတွေကို လွတ်လွတ်လပ်လပ်ထုတ်ဖော် ပြောဆိုခွင့်ရှိရမှာဖြစ်ပြီး သတင်းအချက်အလက်၊ အတွေးအမြင်တွေကိုလည်း လွတ်လွတ်လပ်လပ် ရှာဖွေ၊ ရရှိ၊ မျှဝေနိုင်ရမှာဖြစ်ပါတယ်။ သတင်းထောက်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ လွတ်လွတ်လပ်လပ်တင်ပြခွင့် ရှိကိုရှိရမှာပါ” လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၅ မှာ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ဟာ ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များ အဖွဲ့(RSF)နဲ့ ဂျာနယ်လစ်များကာကွယ်ပေးရေးကော်မတီ(CPJ) တို့ကတောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

RSF ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်းအရ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၄၀ နေရာမှာ ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။