Connect with us

Hi, what are you looking for?

News

သတင်းထောက်တွေအရေးယူခံရတဲ့အပေါ် တုန်လှုပ်ချောက်ချားရတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ သတင်းထောက် ၁၀၀ နီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရပြီး ၅၀ ကျော်ဟာ အကျဉ်းထောင်များအတွင်းရောက်ရှိနေပါတယ်။

သတင်းထောက်တွေဟာ သူတို့အလုပ်သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေကြားသိရတဲ့အတွက် တုန်လှုပ်ချောက်ချားရတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ သတင်းထောက် ၁၀၀ နီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရပြီး ၅၀ ကျော်ဟာ အကျဉ်းထောင်များအတွင်းရောက်ရှိနေပါတယ်။

“မြန်မာနဲ့ကမ္ဘာတစ်လွှားက ပြည်သူလူထုတွေအနေနဲ့ သူတို့ယုံကြည်တာတွေကို လွတ်လွတ်လပ်လပ်ထုတ်ဖော် ပြောဆိုခွင့်ရှိရမှာဖြစ်ပြီး သတင်းအချက်အလက်၊ အတွေးအမြင်တွေကိုလည်း လွတ်လွတ်လပ်လပ် ရှာဖွေ၊ ရရှိ၊ မျှဝေနိုင်ရမှာဖြစ်ပါတယ်။ သတင်းထောက်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ လွတ်လွတ်လပ်လပ်တင်ပြခွင့် ရှိကိုရှိရမှာပါ” လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၅ မှာ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ဟာ ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များ အဖွဲ့(RSF)နဲ့ ဂျာနယ်လစ်များကာကွယ်ပေးရေးကော်မတီ(CPJ) တို့ကတောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

RSF ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်းအရ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၄၀ နေရာမှာ ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။