Connect with us

Hi, what are you looking for?

News

နိုင်ငံတကာကုမ္ပဏီ METRO Wholesale အောက်တိုဘာလကုန် လုပ်ငန်းရပ်စဲမယ်လို့ ကြေညာ

၂၀၁၉ မှာ မြန်မာပြည်တွင်းကို စတင်ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ METRO Wholesale ဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ၇ လပြည့်ချိန်မှာ လုပ်ငန်းလည်ပတ်မှုရပ်စဲတော့မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

ဂျာမနီအခြေစိုက် နိုင်ငံတကာကုမ္ပဏီဖြစ်တဲ့ METRO Wholesaleဟာ လာမယ့် အောက်တိုဘာလကုန်မှာ လုပ်ငန်းလည်ပတ်မှုရပ်စဲသွားမယ်လို့ ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။

၂၀၁၉ မှာ မြန်မာပြည်တွင်းကို စတင်ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ METRO Wholesale ဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ၇ လပြည့်ချိန်မှာ လုပ်ငန်းလည်ပတ်မှုရပ်စဲတော့မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

“ကျွန်ုပ်တို့သည် အခြေအနေအရပ်ရပ်နှင့် လုပ်ဆောင်၍ ရနိုင်မည့် အချက်များကို သေချာစွာ သုံး သပ်ခဲ့ပါသည်။ သို့သော် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများကြောင့် METRO တွင်ချမှတ်ထားသည့် မြင့်မား သော စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်နိုင်ရန် များစွာခက်ခဲ လျက်ရှိပါသည်” လို့ METRO Wholesale Myanmar က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ပြန်လည်ထွက်ခွာနေကြပြီး နောက်ဆက် တွဲအကျိုးရလဒ်အနေနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဝင်ငွေလျော့ကျခြင်း၊ အလုပ်လက်မဲ့ဖြစ်မှုမြင့်တက်လာခြင်း၊ သုံးစွဲသူများရဲ့ ရွေးချယ်ခွင့်နည်းပါးလာခြင်း စတဲ့ အခက်အခဲတွေ ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။