Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံတကာကုမ္ပဏီ METRO Wholesale အောက်တိုဘာလကုန် လုပ်ငန်းရပ်စဲမယ်လို့ ကြေညာ

၂၀၁၉ မှာ မြန်မာပြည်တွင်းကို စတင်ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ METRO Wholesale ဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ၇ လပြည့်ချိန်မှာ လုပ်ငန်းလည်ပတ်မှုရပ်စဲတော့မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

ဂျာမနီအခြေစိုက် နိုင်ငံတကာကုမ္ပဏီဖြစ်တဲ့ METRO Wholesaleဟာ လာမယ့် အောက်တိုဘာလကုန်မှာ လုပ်ငန်းလည်ပတ်မှုရပ်စဲသွားမယ်လို့ ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။

၂၀၁၉ မှာ မြန်မာပြည်တွင်းကို စတင်ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ METRO Wholesale ဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ၇ လပြည့်ချိန်မှာ လုပ်ငန်းလည်ပတ်မှုရပ်စဲတော့မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

“ကျွန်ုပ်တို့သည် အခြေအနေအရပ်ရပ်နှင့် လုပ်ဆောင်၍ ရနိုင်မည့် အချက်များကို သေချာစွာ သုံး သပ်ခဲ့ပါသည်။ သို့သော် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများကြောင့် METRO တွင်ချမှတ်ထားသည့် မြင့်မား သော စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်နိုင်ရန် များစွာခက်ခဲ လျက်ရှိပါသည်” လို့ METRO Wholesale Myanmar က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ပြန်လည်ထွက်ခွာနေကြပြီး နောက်ဆက် တွဲအကျိုးရလဒ်အနေနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဝင်ငွေလျော့ကျခြင်း၊ အလုပ်လက်မဲ့ဖြစ်မှုမြင့်တက်လာခြင်း၊ သုံးစွဲသူများရဲ့ ရွေးချယ်ခွင့်နည်းပါးလာခြင်း စတဲ့ အခက်အခဲတွေ ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။