Connect with us

Hi, what are you looking for?

News

နိုင်ငံတကာလက်ကား ကုမ္ပဏီကြီး Metro မြန်မာနိုင်ငံမှာလုပ်ငန်းတွေရပ်စဲတော့မယ်

ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြည်တွင်းကနေ ထွက်ခွာနေတာလည်းဖြစ်ပါတယ်။

ဂျာမန်အခြေစိုက် လက်ကားရောင်းဝယ်ရေး လုပ်ငန်းစုကြီးဖြစ်တဲ့ Metro ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတာကို လာမယ့် အောက်တိုဘာလကုန်မှာရပ်စဲလိုက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေတယ်လို့ မြန်မာနိုင်ငံမှာ လုပ်ငန်းရပ်စဲရတဲ့အကြောင်းရင်းကို Metro က အသိပေးထားတာတွေ့ရပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြည်တွင်းကနေ ထွက်ခွာနေတာလည်းဖြစ်ပါတယ်။

Metro ဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ မြန်မာနိုင်ငံဈေးကွက်ကို တရားဝင်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ပင်မကုန်လှောင်ရုံကို သီလဝါအထူးစီပွားရေးဇုန်မှာ ထားရှိထားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီကတဆင့် မြန်မာနိုင်ငံတဝှမ်းကို အစားအသောက် နဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ဖြူးရောင်းချနေတာဖြစ်သလို ဟိုတယ်တွေ ၊စားသောက်ဆိုင်တွေမှာ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကိုလုပ်ကိုင်တယ်လို့သိရပါတယ်။

METRO Wholesale Myanmar ဟာ မြန်မာနိုင်ငံမှာ ကနဦးအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံပြီးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။