Connect with us

Hi, what are you looking for?

News

လှိုင်သာယာတွင် စစ်ကောင်စီခန့်ရာအိမ်မှူး အသတ်ခံရ၊ အခင်းဖြစ်နေရာတွင် ဗုံးပေါက်၍ လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားတစ်ဦးဒဏ်ရာရ

ဦးတင်မောင်ဝင်းသည် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဗန်မော်အတွင်းဝန်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်လာရောက်စဥ် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - HTY Information

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရာအိမ်မှူးဦးတင်မောင်ဝင်း ယနေ့နံနက် ၈နာရီက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး အခင်းဖြစ်နေရာတွင် ဗုံးပေါက်၍ လာရောက်စစ်ဆေးသည့် စစ်ကောင်စီ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဦးတင်မောင်ဝင်းသည် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဗန်မော်အတွင်းဝန်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်လာရောက်စဥ် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

“ဦးတင်မောင်ဝင်းက မနက်၈ နာရီလောက်က ဆိုင်ကယ်နဲ့ ပြန်လာတုန်းပစ်ခံရတာပါ။ နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်”ဟု အခင်းဖြစ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

သေဆုံးသူသည် စစ်ကောင်စီ၏ သတင်းပေးတစ်ဦးဖြစ်ပြီး ၎င်း၏သတင်းပေးမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံရ သူများစွာရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အခင်းဖြစ်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးစဉ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံအချို့က ဆိုသည်။

“ဦးတင်မောင်ဝင်းပစ်တဲ့နေရာကို လာစစ်ရင်း အဲနားမှာ ဗုံးပေါက်ကွဲတာပါ။ လာစစ်တဲ့ ရဲတစ်ယောက် ဒဏ်ရာရသွားပါတယ်။ အခုတော့ ဆေးရုံကားတွေ လာခေါ်သွားပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

PDFတပ်ဖွဲ့ဝင်သုံးဦးခန့်က သွား‌ရောက်ရှင်းလင်းခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ဗုံးနှစ်လုံးထားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။