Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းပြီး​နောက် ကမ္ဘာ​တွင်ငွေ​ကြေးအ​ဖောင်းပွဆုံးစာရင်း မြန်မာအဆင့် ၉ ထိရောက်လာ

ငွေကြေးဖောင်းပွအမြင့်ဆုံးနိုင်ငံများတွင် ဗင်နီဇွဲလား၊ လက်ဘနွန်၊ ဆူဒန်၊ ဆီးရီးယား၊ ဇင်ဘာဗွေ၊ တာ့ခ်မင်နစ္စတန်၊ အီသီယိုပီးယား၊ အာဂျင်တီးနား၊မြန်မာနှင့် အီရန်နိုင်ငံတို့ဖြစ်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းခဲ့သည့် (၇)လအတွင်း ကမ္ဘာ့ငွေကြေး ဖောင်းပွမှုအများဆုံးနိုင်ငံများတွင် နဝမမြောက်နိုင်ငံဖြစ်လာကြောင်း Johns Hopkins တက္ကသိုလ်ထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။

စစ်တပ်အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီတွင် မြန်မာ့ကျပ်ငွေတန်ဖိုးဖောင်းပွနှုန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး စစ်တပ်အာဏာသိမ်းခဲ့သည့် ၇ လအတွင်း ၃၁ ရာခိုင်နှုန်း အထိမြင့်တက်လာခြင်းဖြစ်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်ထားသည်။

ထိုစာရင်းများအရ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွနှုန်း ၂၅ ရာခိုင်းနှုန်းရှိသည့် အီရန်နိုင်ငံထက်ငွေကြေးဖောင်းပွနှုန်းပိုမြင့်ပြီး အဆင့် ၉နေရာကို ရောက်ရှိလာခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွအမြင့်ဆုံးနိုင်ငံများတွင် ဗင်နီဇွဲလား၊ လက်ဘနွန်၊ ဆူဒန်၊ ဆီးရီးယား၊ ဇင်ဘာဗွေ၊ တာ့ခ်မင်နစ္စတန်၊ အီသီယိုပီးယား၊ အာဂျင်တီးနား၊မြန်မာနှင့် အီရန်နိုင်ငံတို့ဖြစ်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ၁၀နိုင်ငံအနက် မြန်မာနိုင်ငံမှအပ ကျန်နိုင်ငံများသည် ကမ္ဘာ့ပေါ်တွင် ငွေကြေးဖောင်းပွမှုအများနိုင်ငံများ စာရင်းတွင် အမြဲပါလေ့ရှိသော နိုင်ငံများဖြစ်သည်ဟု ၎င်းတက္ကသိုလ်၏ စာရင်းများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ယခုငွေကြေးဖောင်းပွနှုန်းသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီးနောက် ၁၅ နှစ်အတွင်း အမြင့်ဆုံးငွေကြေးဖောင်းပွနှုန်းဖြစ်သည်။ ၂၀၀၇ရွှေဝါရောင်အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၃၄ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းမူကြောင့် နိုင်ငံခြားငွေလဲနှုန်းတွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁၈၈၀ကျပ်ဝန်းကျင်ပြီး ရွှေတစ်ကျပ်သားကို ကျပ် ၁၈ နီးပါးထိမြင့်တက်လာခဲ့သည်။ ထိုနှုန်းထားများသည် စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီလကုန်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာကို ကျပ် ၅၀၀ ခန့်နှင့် ရွှေတစ်ကျပ်သား ကျပ် ၅သိန်းနီးပါးဖြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။