Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာသိမ်းပြီး​နောက် ကမ္ဘာ​တွင်ငွေ​ကြေးအ​ဖောင်းပွဆုံးစာရင်း မြန်မာအဆင့် ၉ ထိရောက်လာ

ငွေကြေးဖောင်းပွအမြင့်ဆုံးနိုင်ငံများတွင် ဗင်နီဇွဲလား၊ လက်ဘနွန်၊ ဆူဒန်၊ ဆီးရီးယား၊ ဇင်ဘာဗွေ၊ တာ့ခ်မင်နစ္စတန်၊ အီသီယိုပီးယား၊ အာဂျင်တီးနား၊မြန်မာနှင့် အီရန်နိုင်ငံတို့ဖြစ်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းခဲ့သည့် (၇)လအတွင်း ကမ္ဘာ့ငွေကြေး ဖောင်းပွမှုအများဆုံးနိုင်ငံများတွင် နဝမမြောက်နိုင်ငံဖြစ်လာကြောင်း Johns Hopkins တက္ကသိုလ်ထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။

စစ်တပ်အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီတွင် မြန်မာ့ကျပ်ငွေတန်ဖိုးဖောင်းပွနှုန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး စစ်တပ်အာဏာသိမ်းခဲ့သည့် ၇ လအတွင်း ၃၁ ရာခိုင်နှုန်း အထိမြင့်တက်လာခြင်းဖြစ်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်ထားသည်။

ထိုစာရင်းများအရ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွနှုန်း ၂၅ ရာခိုင်းနှုန်းရှိသည့် အီရန်နိုင်ငံထက်ငွေကြေးဖောင်းပွနှုန်းပိုမြင့်ပြီး အဆင့် ၉နေရာကို ရောက်ရှိလာခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွအမြင့်ဆုံးနိုင်ငံများတွင် ဗင်နီဇွဲလား၊ လက်ဘနွန်၊ ဆူဒန်၊ ဆီးရီးယား၊ ဇင်ဘာဗွေ၊ တာ့ခ်မင်နစ္စတန်၊ အီသီယိုပီးယား၊ အာဂျင်တီးနား၊မြန်မာနှင့် အီရန်နိုင်ငံတို့ဖြစ်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ၁၀နိုင်ငံအနက် မြန်မာနိုင်ငံမှအပ ကျန်နိုင်ငံများသည် ကမ္ဘာ့ပေါ်တွင် ငွေကြေးဖောင်းပွမှုအများနိုင်ငံများ စာရင်းတွင် အမြဲပါလေ့ရှိသော နိုင်ငံများဖြစ်သည်ဟု ၎င်းတက္ကသိုလ်၏ စာရင်းများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ယခုငွေကြေးဖောင်းပွနှုန်းသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီးနောက် ၁၅ နှစ်အတွင်း အမြင့်ဆုံးငွေကြေးဖောင်းပွနှုန်းဖြစ်သည်။ ၂၀၀၇ရွှေဝါရောင်အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၃၄ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းမူကြောင့် နိုင်ငံခြားငွေလဲနှုန်းတွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁၈၈၀ကျပ်ဝန်းကျင်ပြီး ရွှေတစ်ကျပ်သားကို ကျပ် ၁၈ နီးပါးထိမြင့်တက်လာခဲ့သည်။ ထိုနှုန်းထားများသည် စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီလကုန်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာကို ကျပ် ၅၀၀ ခန့်နှင့် ရွှေတစ်ကျပ်သား ကျပ် ၅သိန်းနီးပါးဖြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

နိုင်ငံတကာ

နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။

သတင်း

ဘိန်းအများဆုံးစိုက်ပျိုး​သော​ဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်​ကြောင်း UNODC က​ဖော်ပြသည်။