Connect with us

Hi, what are you looking for?

News

လွိုင်ကော်ရှိဒကစမှူး တာဝန်ပေါ့လျော့မှုဖြင့် ဖမ်းဆီးထားဟုဆို

ကယားပြည်နယ်တွင်း တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုတွေများခဲ့ခြင်းကြောင့် စစ်ဆင်ရေးတာဝန်ပေါ့လျော့မှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရကြောင်း KNIC က ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးကို တာဝန်ပေါ့လျော့မှုဖြင့် စစ်​ကောင်စီအဖွဲ့ကဖမ်းဆီးထားကြောင်း ဒေသတွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ သတင်းနှင့် ပြန်ကြားရေးဌာန KNIC က သတင်းဖော်ပြသည်။

အဆိုပါ ဒကစမှူးကို မည်သည့်အချိန်၊ မည်သည့်ရက်တွင်ကို ဖမ်းဆီးထားကြောင်း ဖော်ပြမထားသော်လည်း စစ်ကောင်စီနှင့်နီးစပ်သူများကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

ကယားပြည်နယ်တွင်း တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုတွေများခဲ့ခြင်းကြောင့် စစ်ဆင်ရေးတာဝန်ပေါ့လျော့မှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရကြောင်း KNIC က ဖော်ပြသည်။

ကယားပြည်နယ်တွင် KNPP လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA)နှင့် ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လမှ စ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုလည်းများပြားခဲ့သည်။

Public Service Announcement

Public Service Announcement

ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆို၊ ဘောလခဲ၊ လွိုင်ကောင်စသည့် မြို့နယ်များတွင် မေလအတွင်းမှစတင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးဖြစ်သူ ဗိုလ်မှူးချုပ် သန့်ဇင်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို ကိုးကားပြီး DVB သတင်းဌာနက ယနေ့ဖော်ပြထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။