Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့ခုခံကာကွယ်စစ်စတင်​သော​နေ့ ပြည်နယ်နှင့် တိုင်းငါး​နေရာတွင်တိုက်ပွဲများဖြစ်

ထိုအပြင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်များ ၊ Metel တာဝါတိုင်များ၊ ဒလန်ကိုပစ်မှတ်ထား၍ တိုက် ခိုက်မှုများများစွာလည်းဖြစ်ပေါ်နေသည်။

အာဏာသိမ်းစစ်ကောင်စီကို ပြည်သူများ၏ ခုခံတော်လှန်စစ် စတင်ပြီဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလက ကြေညာပြီးနောက် စက်တင်ဘာ ၇ရက်တွင် ကယား၊ ချင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်တိုင်းနှင့် တနသ်ာရီတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိုအပြင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်များ ၊ Metel တာဝါတိုင်များ၊ ဒလန်ကိုပစ်မှတ်ထား၍ တိုက် ခိုက်မှုများများစွာလည်းဖြစ်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

● တနင်္သာရီတိုင်း မှတိုက်ပွဲများ

တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ KNU တပ်မဟာ ၄ နယ်မြေတွင် ယနေ့နံနက်က စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာသဖြင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA)တပ်မဟာ ၄၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့( KNDO) တပ်ရင်း ၇ တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။ပုလောမြို့နှင့် ၆ မိုင်အကွာရှိ ပိန္နဲတောင်ရွာနှင့် ဒူးရင်းပင် ချောင်ရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ က စစ်ကြောင်း ၂ ကြောင်းခွဲကာ ချီတက်လာသဖြင့် KNU ၏ တပ်မဟာ ၄ နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

စစ်​​ကောင်စီတပ်မှ အထိ့နာလိုက် ပြန်ဆုတ်လိုက် ၊လူစုပြီး ပြန်တက်လာလိုက်ဖြင့် ၄ ကြိမ်တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ်မှအရာရှိအပါအဝင် ၄ ဦး​သေဆုံးပြီး ၊ဒဏ်ရာရရှိသူများစွာရှိခဲ့​ကြောင်း သိရသည်။

ထို့အပြင် တနသာ်ရီတိုင်း သရက်ချောင်းမြို့နယ်၊ တောင်ပြောက်တိုက်နယ်တွင်လည်း စက်တင်ဘာ ၇ ရက်ညတွင်တစ်နာရီနီးပါး ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ယမန်​နေ့ညည ၇ နာရီ ၅ မိနစ်ဝန်းကျင်မှစ၍ ရှစ်နာရီထိုးခါနီးအထိ စစ်​ကောင်စီတပ်နှင့် ​ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ် တို့ကြားတိုက်ပွဲဖြစ်ပွားခြင်းဖြစ်​ကြောင်း ဒေသတွင်းသတင်းဌာနဖြစ်​သော Dakkhina Insightသတင်းဌာနက​ဖော်ပြသည်။

● ကချင်နှင့်စစ်ကိုင်းအစပ်တိုက်ပွဲ နှင့် က​လေး မြို့နယ်မှတိုက်ပွဲ

ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ်ရှိ ဟုမ္မလင်းမြို့နယ်ရှိ နမ့်သာ ဒေသတွင် ယမန်နေ့ နံနက် ၁၀နာရီမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ယနေ့ မနက်တွင် ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု အ​ခြေအ​နေကိုမူ မသိရ​သေး​ပေ ။

ထို့အပြင်စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ကျောက်ဖူးရွာနှင့် ဒိုးနွယ်ရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို PDF Kalay တပ်ဖွဲ့က စက်တင်ဘာ၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စကစတပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိ​ကြောင်း People’s Defence Force (Kalay) ကထုတ်ပြန်သည်။

● ကယားပြည်နယ်မှတိုက်ပွဲ

ကယားပြည်နယ် လွိုင်ကော်နှင့်ဒီမော့ဆိုမြို့နယ် အကြား ‌ဒေါပိုးစီကျေးရွာ အနီး တွင်လာရောက်တပ်စွဲသော စစ်ကောင်စီတပ်များကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်းများကတိုက်ခိုက်ခဲ့ကြောင်း KNDFက သတင်းထုတ်ပြန် သည်။ အလားတူဒီ​မော့ဆို မြိုနယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားရာ စစ်​ကောင်စီတပ်မှ ၄ ဦး​သေဆုံးခဲ့​ကြောင်းလည်း KNDF ကထုတ်ပြန်သည်။

ထို့အပြင် စစ်​ကောင်စီ၏ ဒီမော့ဆိုရဲစခန်းကို ကရင်နီတပ်မတော်၊ KNDF နှင့် မဟာမိတ်PDF များပူးပေါင်း၍ ယမန်နေ့ည ၇နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရဲစခန်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုအ​ခြေအ​နေကို မူမသိရ​သေး​ပေ ။

● ချင်းပြည်နယ်မှတိုက်ပွဲ

ချင်းပြည်နယ်ဟားခါးမြို့တတွင် ယနေ့ည ၉နာရီဝန်းကျင်မှစတင်ပြီးစစ်ကောင်စီတပ်များနှင့် CDFအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဟားခါးမြို့ပေါ်ချင်းဦးစီးရပ်ကွက် ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတဝှက်၊ရုန်းတောင်အနားတဝိုက်နှင့်ကျောဘုတ်ဘက်အနီးအနားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်​ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အ​ခြေအ​နေကိုမူမသိရ​သေး​ပေ ။

ထို့အပြင် ကန်ပက်လက်မြို့ ရဲစခန်းအနီးတွင်လည်း ယမန်နေ့ည ၁ဝနာရီ ၁၀ မိနစ်မှ ၁၀ နာရီ ၂၀ အိနစ် ကြား သေနတ်နဲ့ တူမီးသေနတ်သံ အချက် ၅၀ လောက်ရယ် ၊ လက်နက်ကြီးသံတစ်ချက်ရယ် ကြားရ​ကြောင်း ဒေသခံများအားကိုးကား၍ ​ဒေသတွင်းသတင်း ဌာနဖြစ်​သော
Zalen က​ ဖော်ပြသည်။

● မုံးကိုးဒေသ တိုက်ပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်နှင့် ရှစ်မိုင်ခန့်အကွာတွင် စက်တင်ဘာ၇ ရက် နံနက် ၁၁ နာရီခွဲခန့်အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့် (MNDAA) တပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားချိန် ၁၀ မိနစ်ဝန်းကျင် ကြာပြီး နှစ်ဖက် ကျဆုံး ဒဏ်ရာရရှိသူစာရင်းကိုမူမသိရှိရသေးပေ ။
အထက်ပါတိုက်ပွဲသတင်းများကို ဒေသခံများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသတွင်းသတင်းဌာနများက အတည်ပြုထုတ်ပြန်ထားသော သတင်းများကိုစိစစ်ဖော်ပြထားခြင်းဖြစ်ပါသည်။

အလားတူ ရန်ကုန် ၊မန္တလေး ၊ကလေး စသော မြို့များအပါအဝင် နိုင်တစ်ဝန်းတွင် စစ်ကောင်စီတပ်များကို ပစ်မှတ်ထား ဗုံခွဲတိုက်ခိုက်မှုများ ၊ဒလန်များကို ရှင်းလင်းမှုများလည်း တော်လှန်ရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းနှင့် ​ဒေသအများစုတွင် Mytel တာဝါတိုင်များစွာကို ​တော်လှန်​ရေးတပ်ဖွဲ့များက မိုင်းခွဲ ဖျက်ဆီးခဲ့သည်။