Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် တိုက်ပွဲသုံးကြိမ်ဖြစ်ရာ စစ်ကောင်စီတပ်မှ ၁၂ဦးထက်မနည်းသေဆုံး

“မြစ်ဆုံမှာ ဖြစ်တာ ဟုတ်တယ်။ မနေ့က မနက်ခင်းက ဖြစ်ပြီး ခဏနား၊နားပြီး နေ့ခင်းနဲ့ ညနေ ဖြစ်တာ။ ထိခိုက်မှုက ဟိုဘက်(စစ်ကောင်စီဘက်)ကရှိတယ်။ ဒီဘက်က မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

  • ကျောက်ရစ်ကျေးရွာရဲစခန်းအညံ့ခံ၊ စံပြကျေးရွာရဲစခန်းအားမီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် စက်တင်ဘာ ၈ရက်က နေရာနှစ်ခု၌ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးခဲ့ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ထုတ်ပြန်သည်။

“မြစ်ဆုံမှာ ဖြစ်တာ ဟုတ်တယ်။ မနေ့က မနက်ခင်းက ဖြစ်ပြီး ခဏနား၊နားပြီး နေ့ခင်းနဲ့ ညနေ ဖြစ်တာ။ ထိခိုက်မှုက ဟိုဘက်(စစ်ကောင်စီဘက်)ကရှိတယ်။ ဒီဘက်က မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောင်မြို့နယ် မြစ်ဆုံကျေးရွာအနီးတွင် ယမန်နေ့ နံနက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ညနေပိုင်းတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ညနေပိုင်းတွင် ကျောက်ရစ်ကျေးရွာစခန်းအား စခန်းမှူးနှင့် ဆက်စပ်သူတို့ အညံ့ခံစေပြီး စခန်းအား သိမ်းပိုက်စဉ် စစ်ကောင်စီတပ်မှ စစ်ကား သုံးစီး ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ညနေ ၄နာရီကျော်တွင် နဘက် စံပြကျေးရွာ၌ ရှိသော ရဲစခန်းအား ပြာကျသည်အထိ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် 27 Revolution Forces (မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF) ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ တလုပ် PDF တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။