Connect with us

Hi, what are you looking for?

News

လှိုင်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုများဖြစ်

ပေါက်ကွဲမှုဖြစ်စဉ်များအနက် လှိုင်မြို့နယ်တွင် ည ၈ နာရီခန့်၌လည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်တွင် ည ၁၁ နာရီဝန်းကျင်၌လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ယမန်နေ့ညပိုင်းက လှိုင်မြို့နယ်တွင် ပေါက်ကွဲမှုအပြီး မီးခိုလုံးများအား တွေ့မြင်ရစဉ်၊ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ လှိုင်မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်များအနက် လှိုင်မြို့နယ်တွင် ည ၈ နာရီခန့်၌လည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်တွင် ည ၁၁ နာရီဝန်းကျင်၌လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာသူနှင့် ပျက်စီးဆုံးရှုံးမှုရှိမရှိကိုမူ မသိရှိရသေးဘဲ တစ်မြို့နယ်လျှင် အနည်းဆုံးပေါက်ကွဲမှု နှစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

ယမန်နေ့(စက်တင်ဘာ ၉)ညနေပိုင်းက စမ်းချောင်းမြို့နယ် ဗားဂရာလမ်းပေါ်ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် တပ်သားနှစ်ဦး သေဆုံးပြီးနောက် ရန်ကုန်မြို့ရှိမြို့နယ်အသီးသီးတွင် စစ်ကောင်စီတပ်များက ရှာဖွေစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံက ကုန်စုံဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၂ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊လှိုင်ရတနာအိမ်ရာရှိတိုက်ခန်းမီး‌လောင်မှုတွင် အမျိူသားတစ်ဦး‌ သေဆုံးကာ တစ်ဦးဒဏ်ရာရရှိ‌ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)YROက အသိပေးထားသည်။