Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ် တိုက်ပွဲစစ်ကောင်စီတပ် ၁၅ ဦးခန့်သေ၊ မြင်သားကျေးရွာအတွက်လက်တုံ့ပြန်ခဲ့ဟု ဂန့်ဂေါ PDF ထုတ်ပြန်

နှမ်းခါးရွာအနီးတိုက်ပွဲတွင်CNFမှစစ်သား ၁၀ ဦးအင်အားဖြည့်ကူညီခဲ့ ပြီး ထိုသို့ ကူညီခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစွာမှတ်တမ်းတင်အပ်ပါသည်ဟုလည်းထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့ နယ် မြင်သားကျေးရွာတွင် ဒေသခံပြည်သူ ၁၆ ဦးအားသတ်၍နေအိမ်များမီးရှိုခဲ့သောအာဏာသိမ်းစစ်တပ်ကို နှမ်းခါးရွာသို့ အလာတွင် ဂန့်ဂေါ PDF ကတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း ဂန့်ဂေါ် PDF က ယနေ့ညတွင်သတင်းထုတ်ပြန်သည်။

“ဂန့်ဂေါမြို့နယ်၊မြင်သားကျေးရွာမှကျေးရွာကာကွယ်ရေးအဖွဲ့လူငယ်များနှင့်အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးခဲ့ရခြင်းအတွက်မိမိတို့Gangaw PDFမှယနေ့လက်တုံ့ပြန်နိုင်ခဲ့ပါသည်။
ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအနီးတွင်ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့Gangaw PDFတို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၅ ဦးခန့် သေဆုံးသွားခဲ့ပါသည်။မိမိတို့ဘက်မှထိခိုက်ဒါဏ်ရာရရှိမှုမရှိခဲ့ပါ” ဟုသတင်းထုတ်ပြန်သည်။

မြင်သားကျေးရွာတွင် ဒေသခံပြည်သူများကိုသတ်ဖြတ်ပြီးနေအိမ်များမီးရှိုပြီးနောက် စစ်ကောင်စီတပ်မှာ နှမ်းခါးရွာသို့ အလာတွင် ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် CNF ပူးပေါင်းအဖွဲ့က လမ်းတွင်စောင့်ကြို၍ မိုင်းခွဲတိုက်ခိုက်ပြီးသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှ လူအင်အားလက်နက်အင်အားများသဖြင့် ပူးပေါင်းအဖွဲ့မှ အကျအဆုံးမရှိ အောင်မြင်စွာနောက်ဆုတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။

နှမ်းခါးရွာအနီးတိုက်ပွဲတွင်CNFမှစစ်သား ၁၀ ဦးအင်အားဖြည့်ကူညီခဲ့ ပြီး ထိုသို့ ကူညီခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစွာမှတ်တမ်းတင်အပ်ပါသည်ဟုလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသဖြင့် စစ်ကောင်စီတပ်မှ နှမ်းခါးရွာအတွင်း အငြိုးတကြီးဝင်ရောက်ကာ နေအိမ် ၃၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွါသွားသည်ဟုလည်းဆိုသည်။

ထိုအပြင်Gangaw PDFကတော်လှန်ရေးအောင်မြင်သည်အထိပြည်သူလူထုအပေါ်သစ္စာရှိစွာဖြင့်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကတိပြုကြေငြာအပ်ပါသည်ဟုလည်းပါရှိသည်။

ကလေး-ဂန့်ဂေါ်လမ်းတွင် စစ်ကောင်စီယာဥ်တန်းများ သြဂုတ်လတွင်တိုက်ခိုက်ခံရပြီး အထိ့နာခဲ့သဖြင့် ကားလမ်းဘေးကျေးရွာများကို စစ်ကောင်စီတက်က သြဂုတ် တတိယပါတ်မှစ၍မကြာခဏ ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်သည်။ ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

(တိုက်ပွဲတွင်အထိနာပြီးနောက် စစ်ကောင်စီတပ်က နှမ်းခါးရွာအတွင်းဝင်၍ နေအိမ်များကို မီးရှိုဖျက်ဆီးခဲသည်။

ဓါတ်ပုံ-Gangaw Youths Voice)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook