Connect with us

Hi, what are you looking for?

LuduNwayOo

News

အောင်ဘာလေထီကို အွန်လိုင်းကနေ ရောင်းဖို့စစ်ကောင်စီ စီစဉ်

ကံစမ်းသူတွေ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဝယ်ယူကံစမ်းနိုင်ဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ဆိုထားပြီး အဆိုပြုလွှာ ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထားပြီး တင်သွင်းရမယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။

နွေဦးထီ ကို NUG အစိုးရက အွန်လိုင်းကနေ ရောင်းချရာမှာ ဝယ်ယူအားပေးသူများပြားလာချိန်မှာ စစ်ကောင်စီကလည်း အောင်ဘာလေထီကို အွန်လိုင်းကနေ ရောင်းဖို့ စီစဉ်လာပါတယ်။

အောင်ဘာလေထီ ကို အွန်လိုင်းကနေ ရောင်းဖို့ နည်းပညာဝန်ဆောင်မှုပေးလိုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကို အဆိုပြုလွှာတွေ စစ်ကောင်စီက ဖိတ်ခေါ်တာပြုလုပ်နေပါပြီ။

ကံစမ်းသူတွေ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဝယ်ယူကံစမ်းနိုင်ဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ဆိုထားပြီး အဆိုပြုလွှာ ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထားပြီး တင်သွင်းရမယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အောင်ဘာလေထီကို ပြည်သူလူထုဟာ သပိတ်မှောက်ဆန့်ကျင်တဲ့အနေနဲ့ မဝယ်တာကြောင့် လစဉ် ထီလက်မှတ်စောင်ရေ များစွာ ကျန်ရှိနေပြီး ထီဖွင့်ရမယ့် ရက်ကို ရွှေ့ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုအချိန်မှာ NUG အစိုးရက နွေဦးထီ ကို အွန်လိုင်းကနေ ရောင်းချရာမှာတော့စတင်ရောင်းချတဲ့ နာရီပိုင်းအတွင်းမှာ သတ်မှတ် စောင်ရေအားလုံးကုန်အောင် ရောင်းချ နိုင်တာကိုတွေ့ရပါတယ်။

ဒီလိုအခြေအနေမျာ စစ်ကောင်စီဟာ သူတို့ရဲ့ထီကို ဝယ်သူများလာအောင် ရောင်းရငွေပမာဏ ရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုချီးမြှင့်မယ်လို့ ကြေညာခဲ့ပေမယ့် ပြီးခဲ့တဲ့ထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအနေနဲ့ ကျပ်သိန်းငါးထောင် ဆုကိုသာပေးနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။