Connect with us

Hi, what are you looking for?

News

အောင်ဘာလေထီကို အွန်လိုင်းကနေ ရောင်းဖို့စစ်ကောင်စီ စီစဉ်

ကံစမ်းသူတွေ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဝယ်ယူကံစမ်းနိုင်ဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ဆိုထားပြီး အဆိုပြုလွှာ ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထားပြီး တင်သွင်းရမယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။

နွေဦးထီ ကို NUG အစိုးရက အွန်လိုင်းကနေ ရောင်းချရာမှာ ဝယ်ယူအားပေးသူများပြားလာချိန်မှာ စစ်ကောင်စီကလည်း အောင်ဘာလေထီကို အွန်လိုင်းကနေ ရောင်းဖို့ စီစဉ်လာပါတယ်။

အောင်ဘာလေထီ ကို အွန်လိုင်းကနေ ရောင်းဖို့ နည်းပညာဝန်ဆောင်မှုပေးလိုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကို အဆိုပြုလွှာတွေ စစ်ကောင်စီက ဖိတ်ခေါ်တာပြုလုပ်နေပါပြီ။

ကံစမ်းသူတွေ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဝယ်ယူကံစမ်းနိုင်ဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ဆိုထားပြီး အဆိုပြုလွှာ ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထားပြီး တင်သွင်းရမယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အောင်ဘာလေထီကို ပြည်သူလူထုဟာ သပိတ်မှောက်ဆန့်ကျင်တဲ့အနေနဲ့ မဝယ်တာကြောင့် လစဉ် ထီလက်မှတ်စောင်ရေ များစွာ ကျန်ရှိနေပြီး ထီဖွင့်ရမယ့် ရက်ကို ရွှေ့ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုအချိန်မှာ NUG အစိုးရက နွေဦးထီ ကို အွန်လိုင်းကနေ ရောင်းချရာမှာတော့စတင်ရောင်းချတဲ့ နာရီပိုင်းအတွင်းမှာ သတ်မှတ် စောင်ရေအားလုံးကုန်အောင် ရောင်းချ နိုင်တာကိုတွေ့ရပါတယ်။

ဒီလိုအခြေအနေမျာ စစ်ကောင်စီဟာ သူတို့ရဲ့ထီကို ဝယ်သူများလာအောင် ရောင်းရငွေပမာဏ ရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုချီးမြှင့်မယ်လို့ ကြေညာခဲ့ပေမယ့် ပြီးခဲ့တဲ့ထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအနေနဲ့ ကျပ်သိန်းငါးထောင် ဆုကိုသာပေးနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook