NUG. CRPH နှင့် PDF များအား ဆုကြေးထုတ်ဖမ်းဆီးရေးနှင့်သတင်းပေးနိုင်ပါက ဆုကြေးချီးမြှင့်ပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့အတွင်း ညွှန်ကြားစာတစ်စောင် ယနေ့ထွက်ပေါ်လာသည်။
သြဂုတ် ၇ရက်က ပြုလုပ်သည့် ကြမ်းဖက်စစ်ကောင်စီ၏ အစည်းအဝေးတွင် အဆိုပါအကြောင်း ဆွေးနွေးခဲ့ပြီး
အထက်ပါညွှန်ကြားချက်ကို စစ်ကောင်စီလက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်ရဲတပ်ဖွဲ့ ထံပေးပို့၍ထပ်ဆင့်ညွှန်ကြားခြင်းဖြစ်သည်ဟု ဖော်ပြထား သည်။
NUG၊ CRPH ၊ PDF များနှင့် ပတ်သက်၍ အဆင့်အလိုက်ဆုကြေးထုတ်၍ဖမ်းဆီးနိုင်ရေးနှင့် သတင်းပေးသူများကို ထိုက်သင့်သည့်ဆုကြေးပေးနိုင်ရေးဆောင် ရွက်ရန် ညွှန်ကြားစာက ဆိုသည်။
ယင်းစာသည်အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့တွင်း ညွန်ကြားချက်ဖြစ်ကြောင်းစစ်ကောင်စီအောက်မှ ရဲမှူးကြီးတစ်ဦးက အတည်ပြုသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် CRPH၊ NUG နှင့်PDF များနှင့်ပတ်သက်၍ သတင်းပေးရန် မကြာခဏ ထုတ်ပြန်နေသော်လည်း ဒလန်များမှ အပ ပြည်သူများကသတင်းမပေးဘဲ ပြစ်တင်လှောင်ပြောင်ကြသည်။
