Connect with us

Hi, what are you looking for?

News

PDF၊ NUG နှင့် CRPH များကို ဖမ်းဆီးရန်နှင့် သတင်း​ပေးရန် အကြမ်းဖက်စစ်​ကောင်စီက ဆု​ကြေးဖြင့် မြူဆွယ်

ယင်းစာသည်အာဏာသိမ်းစစ်​ကောင်စီ၏ ရဲတပ်ဖွဲ့တွင်း ညွန်ကြားချက်ဖြစ်ကြောင်းစစ်​ကောင်စီ​အောက်မှ ရဲမှူးကြီးတစ်ဦးက အတည်ပြုသည်။

People's Spring
People's Spring

NUG. CRPH နှင့် PDF များအား ဆုကြေးထုတ်ဖမ်းဆီးရေးနှင့်သတင်းပေးနိုင်ပါက ဆုကြေးချီးမြှင့်ပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့အတွင်း ညွှန်ကြားစာတစ်‌စောင် ယနေ့ထွက်ပေါ်လာသည်။

သြဂုတ် ၇ရက်က ပြုလုပ်သည့် ကြမ်းဖက်စစ်ကောင်စီ၏ အစည်းအဝေးတွင် အဆိုပါအ​ကြောင်း ဆွေးနွေးခဲ့ပြီး
အထက်ပါညွှန်ကြားချက်ကို စစ်​ကောင်စီလက်​အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်ရဲတပ်ဖွဲ့ ထံ​ပေးပို့၍ထပ်ဆင့်ညွှန်ကြားခြင်းဖြစ်သည်ဟု​ ဖော်ပြထား သည်။

NUG၊ CRPH ၊ PDF များနှင့် ပတ်သက်၍ အဆင့်အလိုက်ဆုကြေးထုတ်၍ဖမ်းဆီးနိုင်ရေးနှင့် သတင်းပေးသူများကို ထိုက်သင့်သည့်ဆုကြေးပေးနိုင်ရေးဆောင် ရွက်ရန် ညွှန်ကြားစာက ဆိုသည်။

ယင်းစာသည်အာဏာသိမ်းစစ်​ကောင်စီ၏ ရဲတပ်ဖွဲ့တွင်း ညွန်ကြားချက်ဖြစ်ကြောင်းစစ်​ကောင်စီ​အောက်မှ ရဲမှူးကြီးတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် CRPH၊ NUG နှင့်PDF များနှင့်ပတ်သက်၍ သတင်းပေးရန် မကြာခဏ ထုတ်ပြန်နေသော်လည်း ဒလန်များမှ အပ ပြည်သူများကသတင်းမ​ပေးဘဲ ပြစ်တင်​လှောင်​ပြောင်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook