Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီမြို့နယ်က ဝန်ထမ်းတွေအားလုံး စက်တင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး CDM ဝင်ဖို့ ချင်း ပြည်ကာကွယ်ရေးတပ်ဖွဲ့ အသိပေး

စစ်ကောင်စီအဖွဲ့နဲ့ပူးပေါင်းပြီး အများပြည်သူနဲ့ CDF တပ်ဖွဲ့ဝင်တွေကို ထိခိုက်နစ်နာစေတဲ့ သူ တိုင်းကို CDF-Matupi က သုတ်သင်ရှင်းလင်းမယ်လို့လည်း သတိပေးပါတယ်။

မတူပီမြို့နယ်အတွင်းမှာရှိတဲ့ ဝန်ထမ်းအားလုံးကို စက်တင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး CDM လှုပ်ရှားမှုမှာပါဝင်ကြဖို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ(CDF-Matupi)က ဒီနေ့ထုတ်ပြန်ပါတယ်။

CDF နဲ့ ပြည်သူလူထုဆီကို လက်နက်အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတဲ့ တပ်မတော်သားနဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို ဆုငွေအဖြစ် ကျပ်သိန်း ၆၀ ဂုဏ်ပြုထောက်ပံ့မှာဖြစ်ပြီး မိသားစုဝင်တွေကိုပါ လွတ်မြောက်နယ်မြေရောက်တဲ့အထိ လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။

စစ်ကောင်စီအဖွဲ့နဲ့ပူးပေါင်းပြီး အများပြည်သူနဲ့ CDF တပ်ဖွဲ့ဝင်တွေကို ထိခိုက်နစ်နာစေတဲ့ သူ တိုင်းကို CDF-Matupi က သုတ်သင်ရှင်းလင်းမယ်လို့လည်း သတိပေးပါတယ်။

ဒါ့အပြင် တရားမဝင်အကြမ်းဖက်စစ်အုပ်ရဲ့ စီမံကိန်းတွေ အထူးသဖြင့် တင်ဒါလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တည်ဆဲ ဘတ်ဂျက်တင်ဒါလုပ်ငန်းတွေကို စက်တင်ဘာ ၃၁ ရက်အထိ လုပ်ကိုင် ခွင့်ပြုမှာဖြစ်ပြီး တရားဝင်ပြည်သူ့အစိုးရ ပေါ်ပေါက်တဲ့အထိ လုပ်ငန်းလုပ်ကိုင်အကောင်အထည် ဖော်ခွင့်အားလုံး လုံး၀တားမြစ်တယ်လို့ CDF-Matupi က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း CDF တပ်ဖွဲ့ဝင်တွေကလွဲလို့ အရပ်သားပြည်သူတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ခြင်းလုံး၀မပြုရဘူးလို့လည်း တားမြစ်ထားပါတယ်။

အထက်ပါ ထုတ်ပြန်တားမြစ်ချက်တွေကို လိုက်နာခြင်းမပြုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူ့ပုဂ္ဂိုလ် တွေကို အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်အရေးယူခြင်းခံရမယ် လို့ CDF-Matupi က သတိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

ကောလင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်လာမှု အခြေအနေကို ဖော်ပြရာ၌ အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။