Connect with us

Hi, what are you looking for?

News

မတူပီမြို့နယ်က ဝန်ထမ်းတွေအားလုံး စက်တင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး CDM ဝင်ဖို့ ချင်း ပြည်ကာကွယ်ရေးတပ်ဖွဲ့ အသိပေး

စစ်ကောင်စီအဖွဲ့နဲ့ပူးပေါင်းပြီး အများပြည်သူနဲ့ CDF တပ်ဖွဲ့ဝင်တွေကို ထိခိုက်နစ်နာစေတဲ့ သူ တိုင်းကို CDF-Matupi က သုတ်သင်ရှင်းလင်းမယ်လို့လည်း သတိပေးပါတယ်။

မတူပီမြို့နယ်အတွင်းမှာရှိတဲ့ ဝန်ထမ်းအားလုံးကို စက်တင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး CDM လှုပ်ရှားမှုမှာပါဝင်ကြဖို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ(CDF-Matupi)က ဒီနေ့ထုတ်ပြန်ပါတယ်။

CDF နဲ့ ပြည်သူလူထုဆီကို လက်နက်အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတဲ့ တပ်မတော်သားနဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို ဆုငွေအဖြစ် ကျပ်သိန်း ၆၀ ဂုဏ်ပြုထောက်ပံ့မှာဖြစ်ပြီး မိသားစုဝင်တွေကိုပါ လွတ်မြောက်နယ်မြေရောက်တဲ့အထိ လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။

စစ်ကောင်စီအဖွဲ့နဲ့ပူးပေါင်းပြီး အများပြည်သူနဲ့ CDF တပ်ဖွဲ့ဝင်တွေကို ထိခိုက်နစ်နာစေတဲ့ သူ တိုင်းကို CDF-Matupi က သုတ်သင်ရှင်းလင်းမယ်လို့လည်း သတိပေးပါတယ်။

ဒါ့အပြင် တရားမဝင်အကြမ်းဖက်စစ်အုပ်ရဲ့ စီမံကိန်းတွေ အထူးသဖြင့် တင်ဒါလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တည်ဆဲ ဘတ်ဂျက်တင်ဒါလုပ်ငန်းတွေကို စက်တင်ဘာ ၃၁ ရက်အထိ လုပ်ကိုင် ခွင့်ပြုမှာဖြစ်ပြီး တရားဝင်ပြည်သူ့အစိုးရ ပေါ်ပေါက်တဲ့အထိ လုပ်ငန်းလုပ်ကိုင်အကောင်အထည် ဖော်ခွင့်အားလုံး လုံး၀တားမြစ်တယ်လို့ CDF-Matupi က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း CDF တပ်ဖွဲ့ဝင်တွေကလွဲလို့ အရပ်သားပြည်သူတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ခြင်းလုံး၀မပြုရဘူးလို့လည်း တားမြစ်ထားပါတယ်။

အထက်ပါ ထုတ်ပြန်တားမြစ်ချက်တွေကို လိုက်နာခြင်းမပြုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူ့ပုဂ္ဂိုလ် တွေကို အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်အရေးယူခြင်းခံရမယ် လို့ CDF-Matupi က သတိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။