Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ထယ်လှော်နှင့် နှမ်းခါရွာကြားတိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ ၁၀ရက်က နှမ်းခါးရွာအနီးတိုက်ပွဲတွင် ပြည်သူများကိုသတ်ပြီးရွာများကိုမီးရှိုခဲ့သော စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးခဲ့သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်ကောင် စီတပ်များက ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံက ပြောသည်။

စက်တင်ဘာ ၁၁ရက်က ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်မှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့ ၁၂ရက် နံနက် ၆နာရီ ဝန်းကျင်မှစ၍ ထယ်လှော်ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“လမ်းတစ်လျှောက်ပဲဗျ။ မနေ့က ဖြစ်စဉ်ဖြစ်တဲ့ ကျွန်းခုံသာ၊ ကံသာ၊ ကံတို့ အဲဒီရွာတွေရဲ့ အကျော်မှာ။ ဂန့်ဂေါနဲ့ နည်းနည်းနည်းနီးလာတာပေါ့ ထယ်လှော်က။ ဂန့်ဂေါနဲ့ ဆိုရင် ဆယ်မိုင် ကျော်ကျော်လောက်ပဲ ဝေးတော့တာပေါ့။ ” ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဂန့်ဂေါမြို့နယ် မြင်သား၊ သာလင်း၊ နှမ်းခါး စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီတပ် ၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် မြင်သားရွာတွင် ဒေသခံ၁၈ဦးသေဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေရဲ့ လုပ်ရပ်က လူမဆန်ဘူးဆိုတာ အကုန် လုံးသိနေတဲ့အခါကျတော့ ဘယ်လိုမှ နှိုင်းဆလို့မရဘူး။ ဒီကောင်တွေရဲ့ ဂေါင်ချုပ်ကနေ လက်အောက်ငယ်သား အခုလက်ရှိ ရှိနေတဲ့ ကောင်တွေက ခိုးချင်လို့ ပြည်သူ့ပစ္စည်းကို နိုင့်ထက်စီးနင်းဓါးပြတိုက်ချင်လို့ ပြည်သူအပေါ်မှာ အကြောက်တရားနဲ့ အုပ်ချုပ်ချင်လို့ ကိုယ်ကျိုးကြည့်တဲ့ တကယ့် ဓားပြအကြီးစား၊ သူပုန်အကြီးစား၊ တကယ့်ကို ဖက်ဆစ်အကြီးစားတွေပေါ့” ဟု ဒေသခံက ပြောသည်။

မီးရှိုခံရသော ထယ်လှော်ရွာနှင့်နှမ်းခါး ရွာကြားတွင် ယနေ့နံနက် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ကလေးPDF က သတင်းထုတ်ပြန်သည်။ထို့ကြောင့်ကလေး-ဂန့်ဂေါလမ်းကိုကားများမဖြတ်သန်းရန် သတိပေးထား သည်။

စက်တင်ဘာ ၁၀ရက်က နှမ်းခါးရွာအနီးတိုက်ပွဲတွင် ပြည်သူများကိုသတ်ပြီးရွာများကိုမီးရှိုခဲ့သော စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။