Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ထယ်လှော်နှင့် နှမ်းခါရွာကြားတိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ ၁၀ရက်က နှမ်းခါးရွာအနီးတိုက်ပွဲတွင် ပြည်သူများကိုသတ်ပြီးရွာများကိုမီးရှိုခဲ့သော စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးခဲ့သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်ကောင် စီတပ်များက ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံက ပြောသည်။

စက်တင်ဘာ ၁၁ရက်က ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်မှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့ ၁၂ရက် နံနက် ၆နာရီ ဝန်းကျင်မှစ၍ ထယ်လှော်ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“လမ်းတစ်လျှောက်ပဲဗျ။ မနေ့က ဖြစ်စဉ်ဖြစ်တဲ့ ကျွန်းခုံသာ၊ ကံသာ၊ ကံတို့ အဲဒီရွာတွေရဲ့ အကျော်မှာ။ ဂန့်ဂေါနဲ့ နည်းနည်းနည်းနီးလာတာပေါ့ ထယ်လှော်က။ ဂန့်ဂေါနဲ့ ဆိုရင် ဆယ်မိုင် ကျော်ကျော်လောက်ပဲ ဝေးတော့တာပေါ့။ ” ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဂန့်ဂေါမြို့နယ် မြင်သား၊ သာလင်း၊ နှမ်းခါး စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီတပ် ၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် မြင်သားရွာတွင် ဒေသခံ၁၈ဦးသေဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေရဲ့ လုပ်ရပ်က လူမဆန်ဘူးဆိုတာ အကုန် လုံးသိနေတဲ့အခါကျတော့ ဘယ်လိုမှ နှိုင်းဆလို့မရဘူး။ ဒီကောင်တွေရဲ့ ဂေါင်ချုပ်ကနေ လက်အောက်ငယ်သား အခုလက်ရှိ ရှိနေတဲ့ ကောင်တွေက ခိုးချင်လို့ ပြည်သူ့ပစ္စည်းကို နိုင့်ထက်စီးနင်းဓါးပြတိုက်ချင်လို့ ပြည်သူအပေါ်မှာ အကြောက်တရားနဲ့ အုပ်ချုပ်ချင်လို့ ကိုယ်ကျိုးကြည့်တဲ့ တကယ့် ဓားပြအကြီးစား၊ သူပုန်အကြီးစား၊ တကယ့်ကို ဖက်ဆစ်အကြီးစားတွေပေါ့” ဟု ဒေသခံက ပြောသည်။

မီးရှိုခံရသော ထယ်လှော်ရွာနှင့်နှမ်းခါး ရွာကြားတွင် ယနေ့နံနက် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ကလေးPDF က သတင်းထုတ်ပြန်သည်။ထို့ကြောင့်ကလေး-ဂန့်ဂေါလမ်းကိုကားများမဖြတ်သန်းရန် သတိပေးထား သည်။

စက်တင်ဘာ ၁၀ရက်က နှမ်းခါးရွာအနီးတိုက်ပွဲတွင် ပြည်သူများကိုသတ်ပြီးရွာများကိုမီးရှိုခဲ့သော စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။