Connect with us

Hi, what are you looking for?

News

ခုခံစစ်စတင်ပြီးနောက်KNU နှင့် CDFတို့က စစ်ကောင်စီစခန်းနှစ်ခုကိုအောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်က ၈ဦးဒဏ်ရာရကြောင်း CDF ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ယင်းတပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်း ဆည်းရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုခုခံစစ်စတင်ပြီဖြစ်ကြေင်း ကြေညာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့က စစ်ကောင်စီတပ်စခန်း နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယာယီသမ္မတ ဒူဝါလရှီးလက ခုခံစစ်စတင်ပြီဖြစ် ကြောင်း စက်တင်ဘာ ၇ရက်တွင် ကြေညာခဲ့ပြီးနောက် စက်တင်ဘာ ၉ရက် နံနက်အစောပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်များက ကျောက်ကြီးမြို့နယ်ရှိ ကဘောတူ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

“ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ် သုံးယောက်ဒဏ်ရာရတယ်။ ဟိုဘက်ကတော့ ပိုများတာပေါ့” ဟု KNU အဖွဲ့ဝင်တစ်ဦးက ကဘောတူစခန်းသိမ်းတိုက်ပွဲ အခြေအနေကို ပြောပြသည်။ ထိုနေ့က စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်ရာ တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနခွဲက ထုတ်ပြန်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှု အသေးစိတ် အခြေအနေကိုမူယနေ့အထိထုတ်ပြန်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အလားတူ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF) လက်အောက်ခံ ချင်းအမျိုးသားတပ်မတော်(CAN)နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) တို့ပူးပေါင်းပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို စက်တင်ဘာ ၁၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို အင်အား ၂၀၀ ကျော်ဖြင့် စက်တင်ဘာ ၁၀ ရက်စတင်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့သည်။ သို့သော် စက်တင်ဘာ ၁၁ရက် ညပိုင်း၌ အဆိုပါ စခန်းကို အင်အား ၄၀၀ ကျော်ဖြင့် ထပ်မံ တိုက်ခိုက်ရာ နာရီအနည်းငယ် အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း CDFက ထုတ်ပြန်လိုက်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်က ၈ဦးဒဏ်ရာရကြောင်း CDF ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ယင်းတပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်း ဆည်းရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်များသည် ထန်တလန်၊ မင်းတပ်၊ ဟာခါး၊ မတူပီ၊ ကန်ပက်လက် စသည့် ချင်းပြည်နယ်ရှိ မြို့နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခင်ကလည်း ဟာခါးနှင့် မင်းတပ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။

ချင်းပြည်နယ်သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် စဉ်ဆက်မပြတ် အားကောင်းနေသည့် ဒေသတစ်ခုဖြစ်သကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေများတွင်လည်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ မတ်လနှင့် ဧပြီလအတွင်းကလည်း KNU တပ်မဟ(၅)အနေဖြင့် စစ်ကောင်စီတပ်စခန်း ၂ခုကို သိမ်းပိုက်ခဲ့သေးပြီး နောက်ဆက်တွဲအနေဖြင့် အင်အားနည်း စစ်ကောင်စီတပ်စခန်းအချို့ ၎င်းတို့ စခန်းကို စွန့်ခွာရုတ်သိမ်းသွားခြင်းများလည်းရှိသည်။ အာဏာသိမ်းပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကလည်း စစ်ကောင်စီပိုင် စခန်းတစ်ခုကိုတိုက်ခိုက် သိမ်းပိုက်ထားသည်။

စစ်ကောင်စီကို ပြည်သူလူထု တစ်ရပ်လုံးက ခုခံတော်လှန်နေခြင်းဖြစ်၍ ရှေ့ဆက်တွင် တိုက်ပွဲဖြစ်ပွားမှုများ ပိုများလာနိုင်ပြီး မြို့တွင်းများ၌ပါ တိုက်ပွဲဖြစ်လာမည့် အလားအလာ ရှိနေကြောင်း KNU အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ ရန်သူ့ဘက်ကတော့ နည်းနည်းကြမ်းလာနိုင်တယ်။ လေယာဉ်တွေဘာတွေသုံးမယ် လက်နက်ကြီး ပစ်တာတွေလုပ်မယ်။ လူထုကို ထိခိုက်အောင် ကြွက်မနိုင်ကျည်မီးရှို့တဲ့သဘောလုပ်လာနိုင်တယ်။ စစ်အာဏာရှင်ဆိုတာ သူလုပ်ချင်တာ သူလုပ်မှာပဲ”ဟု၎င်းက ဆိုသည်။

ချင်းပြည်နယ်တွင် ယမန်နေ့က CDF က သိမ်းပိုက်တိုက်ခိုက်သော လုံလဲရ်စခန်းသည် မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသော စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။