Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလမျက်နှာစာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ကိုယ်စားလှယ်မရှိစေရဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

ပြည်သူတွေရဲ့ အင်အားနဲ့သာ စစ်ကောင်စီပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်ရွက်ရမှာဖြစ်ပြီး အဆုံးအထိပါ ဝင်ပေးဖို့လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းမေတ္တာရပ်ခံခဲ့ပါတယ်။

(သံအမတ်ကြီးဦး​ကျော်မိုးထွန်းအား ​ထောက်ခံ​ကြောင်း အ​မေရိကန်​ရောက် ဆရာ​တော်များက ရုပ်ပုံများကိုင်​ဆောင် ​ပြသ​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Sumon/FB)

ကုလသမဂ္ဂမျက်နှာစာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်မရှိရဘူးဆိုတာ ပြတ်ပြတ်သားသားပြောလို့ ရကြောင်း လက်ရှိမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

မနေ့က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့မှာ အမေရိကန်ရောက်မြန်မာတွေ ထောင်နဲ့ချီစုဝေးခဲ့ပြီး သံ အမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနဲ့ စစ် အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ဦးကျော်မိုးထွန်းက အခုလိုပြောခဲ့တာပါ။

“ဒီလိုလာတဲ့နေရာမှာ Credential ကိစ္စနဲ့လာတဲ့အတွက်ကြောင့် ပြည်သူ့အင်အားနဲ့ အောင်မြင်ရပါမယ်ခင်ဗျာ။ သေ ချာ တာတစ်ခုကျွန်တော်ပြောနိုင်တာကတော့ ဒီလိုမျိုးမျက်နှာစာမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် မရှိရဘူးဆိုတာ ပြတ်ပြတ်သားသားပြောလို့ရပါတယ်။ ပြည်သူ့သာအဓိကပါ” လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

ပြည်သူတွေရဲ့ အင်အားနဲ့သာ စစ်ကောင်စီပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်ရွက်ရမှာဖြစ်ပြီး အဆုံးအထိပါ ဝင်ပေးဖို့လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းမေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေရဲ့ အင်အား၊ စည်းလုံးညီညွတ်မှုနဲ့ စစ်ကောင်စီပြုတ်ကျဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည် ထောင်ဖို့၊ ဆက်လက်ပြီးတော့ ကျရာကဏ္ဍအသီးသီးကနေ ပါဝင်ဆောင်ရွက်ပေးကြဖို့ ကျွန်တော် မေတ္တာ ရပ်ခံလိုပါတယ်။ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် လက်တွေ တွဲယှက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စစ်ကောင်စီပြုတ်ကျရေး ဆက်လက်ဆောင်ရွက် သွားပေးသွားဖို့၊ NUG ကို ဆက်လက် ထောက်ခံပေးသွားဖို့ မေတ္တာ ရပ်ခံလိုပါတယ်” လို့ သံအမတ်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေနဲ့အတူရပ်တည်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူတွေက ထောက်ခံတဲ့အကြောင်း ဆန္ဒထုတ်ဖော်လှုပ်ရှားမှုကို နိုင်ငံ ပေါင်း ၁၈ နိုင်ငံမှာလုပ်ဆောင်နေကြပြီး မနေ့က အမေရိကန်မှာ နယူးယောက်မြို့အပြင် လော့စ်အိန်ဂျယ်လိစ်မြို့ မှာလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကနေဒါ၊ အိုင်ယာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ စတဲ့ နိုင်ငံတွေက မြို့ကြီးတွေမှာလည်း ပြည်ပရောက်မြန် မာတိုင်းရင်းသားတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ အရပ် သားအစိုးရကိုသာ လက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

သတင်း

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။