Connect with us

Hi, what are you looking for?

News

ကုလမျက်နှာစာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ကိုယ်စားလှယ်မရှိစေရဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

ပြည်သူတွေရဲ့ အင်အားနဲ့သာ စစ်ကောင်စီပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်ရွက်ရမှာဖြစ်ပြီး အဆုံးအထိပါ ဝင်ပေးဖို့လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းမေတ္တာရပ်ခံခဲ့ပါတယ်။

(သံအမတ်ကြီးဦး​ကျော်မိုးထွန်းအား ​ထောက်ခံ​ကြောင်း အ​မေရိကန်​ရောက် ဆရာ​တော်များက ရုပ်ပုံများကိုင်​ဆောင် ​ပြသ​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Sumon/FB)

ကုလသမဂ္ဂမျက်နှာစာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်မရှိရဘူးဆိုတာ ပြတ်ပြတ်သားသားပြောလို့ ရကြောင်း လက်ရှိမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

မနေ့က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့မှာ အမေရိကန်ရောက်မြန်မာတွေ ထောင်နဲ့ချီစုဝေးခဲ့ပြီး သံ အမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနဲ့ စစ် အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ဦးကျော်မိုးထွန်းက အခုလိုပြောခဲ့တာပါ။

“ဒီလိုလာတဲ့နေရာမှာ Credential ကိစ္စနဲ့လာတဲ့အတွက်ကြောင့် ပြည်သူ့အင်အားနဲ့ အောင်မြင်ရပါမယ်ခင်ဗျာ။ သေ ချာ တာတစ်ခုကျွန်တော်ပြောနိုင်တာကတော့ ဒီလိုမျိုးမျက်နှာစာမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် မရှိရဘူးဆိုတာ ပြတ်ပြတ်သားသားပြောလို့ရပါတယ်။ ပြည်သူ့သာအဓိကပါ” လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

ပြည်သူတွေရဲ့ အင်အားနဲ့သာ စစ်ကောင်စီပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်ရွက်ရမှာဖြစ်ပြီး အဆုံးအထိပါ ဝင်ပေးဖို့လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းမေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေရဲ့ အင်အား၊ စည်းလုံးညီညွတ်မှုနဲ့ စစ်ကောင်စီပြုတ်ကျဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည် ထောင်ဖို့၊ ဆက်လက်ပြီးတော့ ကျရာကဏ္ဍအသီးသီးကနေ ပါဝင်ဆောင်ရွက်ပေးကြဖို့ ကျွန်တော် မေတ္တာ ရပ်ခံလိုပါတယ်။ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် လက်တွေ တွဲယှက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စစ်ကောင်စီပြုတ်ကျရေး ဆက်လက်ဆောင်ရွက် သွားပေးသွားဖို့၊ NUG ကို ဆက်လက် ထောက်ခံပေးသွားဖို့ မေတ္တာ ရပ်ခံလိုပါတယ်” လို့ သံအမတ်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေနဲ့အတူရပ်တည်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူတွေက ထောက်ခံတဲ့အကြောင်း ဆန္ဒထုတ်ဖော်လှုပ်ရှားမှုကို နိုင်ငံ ပေါင်း ၁၈ နိုင်ငံမှာလုပ်ဆောင်နေကြပြီး မနေ့က အမေရိကန်မှာ နယူးယောက်မြို့အပြင် လော့စ်အိန်ဂျယ်လိစ်မြို့ မှာလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကနေဒါ၊ အိုင်ယာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ စတဲ့ နိုင်ငံတွေက မြို့ကြီးတွေမှာလည်း ပြည်ပရောက်မြန် မာတိုင်းရင်းသားတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ အရပ် သားအစိုးရကိုသာ လက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။