Connect with us

Hi, what are you looking for?

News

နိုင်ငံတကာကိုအားကိုးမရ၍ တစ်မျိုးသားလုံးညီညွတ်မှုဖြင့် စစ်ကောင်စီကိုဖယ်ရှားနိုင်ရေး ကြိုးပမ်းနေဟု NUG ရှင်းလင်း

ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက တမျိုးသားလုံး စုစည်းညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှု တို့ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် မတည်ငြိမ်မှုများကို အဆုံးသတ်နိုင် လိမ့်မည် ဖြစ်ကြောင်း သိသာထင်ရှား နေပြီဖြစ်သည်ဟု ဖော်ပြထားသည်။

ရက်စက်ကြမ်းကြုတ်လှသော စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ မြန်မာပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး၍မရတော့၍ စစ်ကောင်စီကို ဖယ်ရှားနိုင်ရေးစုစည်းညီညွတ်မှု၊ စုပေါင်း ဆောင်ရွက်မှုဖြင့် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက တမျိုးသားလုံး စုစည်းညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှု တို့ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် မတည်ငြိမ်မှုများကို အဆုံးသတ်နိုင် လိမ့်မည် ဖြစ်ကြောင်း သိသာထင်ရှား နေပြီဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်သူလူထုက စစ်ကောင်စီအား ဆက်လက်ခုခံတွန်းလှန်နေချိန်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပိုမို မြင့်တက်လာနိုင်ခြင်းကို ရှောင်လွှဲ၍ရမည် မဟုတ်ကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို သေစေနိုင်သော လက်နက်များဖြင့် အလွန်အမင်း အင်အားသုံးဖြိုခွဲခဲ့မှုများက လူငယ်များကို ရရာအင်အားသုံး၍ မိမိကိုယ်ကိုခုခံရန် တွန်းပို့ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူများ က နိုင်ငံတစ်ဝှမ်းလုံးတွင် ခုခံရေးအဖွဲ့များ ဖွဲ့စည်းပြီး ခုခံ တွန်းလှန်မှုများကို စတင်နေကြပြီဖြစ်ကြောင်း၊ တချိန်တည်းမှာပင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက မိမိတို့နယ်မြေအတွင်း ကျုးကျော် ထိုးဖောက်ဝင်ရောက်ပြီး ရပ်ရွာများကို တိုက်ခိုက်လာ တော့မည့် စစ်ကောင်စီတပ်ဖွဲ့များအား ခုခံကာကွယ်ရန် ပြင်ဆင် နေကြပြီဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်ရာဒေသများအတွင်း အတူပူးပေါင်းလက်တွဲခုခံတွန်းလှန်သွားရန် ပြင်ဆင်နေပြီဖြစ်သည်ဟုဆိုသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် ခုနှစ်လအတွင်း ပြည်သူလူထုအား ဖိနှိပ်ရက်စက်မှုများစွာ ကျူးလွန်ခဲ့သည့်အပြင် မတည်ငြိမ်မှုများနှင့်အတူ စီးပွားရေး၊ လူသားချင်းစာနာမှုနှင့် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်း ပေါင်းများစွာ ကြုံတွေ့စေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းရန်ကြိုးပမ်းမှု ပေါ်ပေါက်ပြီး မကြာခင်မှာပင် သန်းပေါင်းများစွာသော ပြည်သူလူထုသည် အကြမ်းမဖက် ခုခံလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲများတွင် ပါဝင်ခဲ့ကြရာ စစ်ကောင်စီ၏ တပ်ဖွဲ့များသည် လက်နက်မဲ့ဆန္ဒထုတ်ဖေါ်နေသည့် လူပေါင်း ထောင်ကျော်သတ်ဖြတ်ခြင်း၊ လူပေါင်း (၇၀၀၀) ကျော် မတရားဖမ်းဆီးခြင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြသည်ဟုဖော်ပြထားသည်။

ထို့ပြင် တိုင်းရင်းသားဒေသများတွင် စစ်ဆင်ရေး များ ပြုလုပ်ကာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေများကို ချိုးဖောက်ခဲ့ဟုဆိုသည်။

အာဏာသိမ်းရန် ကြိုးပမ်းမှု ရှစ်လအတွင်း ဝင်ရောက်လာပြီဖြစ်သော်လည်း စစ်ကောင်စီသည် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို လုံးဝ စိတ်မဝင်စားပဲ အာဏာဆက်လက်တည်မြဲရေးအတွက် အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်သွားမည်မှာ သေချာနေသည်ဟု ဖော်ပြသည်။

ပြီးခဲ့သည့်ခုနှစ်လအတွင်း နိုင်ငံရေးနှင့်သံတမန်ရေးကြိုးပမ်းမှုသက်သက်ဖြင့်ပြဿနာများကို မဖြေရှင်းနိုင် ကြောင်း သေချာခဲ့သည့်နောက်တွင် မိမိတို့ဒေသ ရပ်ရွာများကို စစ်ကောင်စီတပ်များ၏ ဖိနှိပ် ရက်စက်မှုများမှ ကာကွယ်ရန် အဆိုပါ ရပ်ရွာဒေသမှ ပြည်သူများက ကာကွယ်ရေးအဖွဲ့များကို မလွှဲမရှောင်သာ ဖွဲ့စည်းခဲ့ရ ကြောင်း ပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများ၊ဂျီနီဗာသဘောတူညီချက်တို့နှင့်လိုက်လျောညီထွေဖြစ်သော ကျင့်ဝတ် စည်းကမ်းများကို လေးစားလိုက်နာရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုသည်ဟု ထုတ်ပြန်ခဲ့သည်။

အမျိုးသား ညီညွတ်ရေးအစိုးရသည် နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ တရားစီရင်ပိုင်ခွင့် အာဏာကို လက်ခံထားပြီး မြန်မာပြည်တွင်းရှိ သက်ဆိုင်သူအားလုံး မိမိတို့လုပ်ရပ်များအတွက် ရောမသဘောတူညီချက် နှင့်အညီ တာဝန်ခံရမည်ဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် အနာဂတ်တွင်အကောင်အထည်ဖေါ်မည့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာသော၊ ပြည်သူလူထုကို ကာကွယ်သော ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးတွင် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်မည်ဖြစ်သည်ဟုဆိုသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အရပ်သားအုပ်ချုပ်မှုအောက်တွင် အမှုထမ်းမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

တချိန်တည်းမှာပင် စစ်ကောင်စီ၏ တပ်ဖွဲ့များအနေဖြင့် မိမိတို့တာဝန်များကို စွန့်ခွာ၍ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရန် အခွင့်အရေး ရှိကြောင်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဝင်အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှု များစွာကို အသိအမှတ်ပြုပြီး ဆက်လက်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားကာ မိမိတို့ ရည်မှန်းချက်အောင်မြင်ရေးအတွက် နိုင်ငံတကာဥပဒေများကို ဆက်လက်လေးစားလိုက်နာသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

တဖက်တွင် နိုင်ငံအချို့၏ တရားဝင် ဖိတ်ကြားမှုဖြင့် စစ်ကောင်စီက အချို့သော နိုင်ငံတကာ အစည်းအဝေး များတွင် တက်ရောက်ခွင့်ရနေရပြီး အချို့နိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေး သဘောတူညီချက်များပင် ရရှိနေကြောင်း တွေ့ရသောကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်မှုများရှိလာကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အေဂျင်စီ များ၏ ပြည်သူ လူထုအတွက် ကျန်းမာရေး အကူအညီများ ပေးအပ်ရန် ကြိုးပမ်းချက်များကို စစ်ကောင်စီက ငြင်းပယ်ခဲ့ သောကြောင့် ကိုဗစ်-၁၉ ရောဂါဖြင့် မသေသင့်ပဲ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ဒေသတွင်း၌လည်း မတည်ငြိမ်မှုနှင့် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်းများ ပေါ်ပေါက်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သော တရားဝင်အစိုးရတစ်ရပ် အနေဖြင့် အသိအမှတ်ပြုပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ထပ်မံတိုက်တွန်း ထုတ်ပြန်ခဲ့ပြီး ထိုသို့အသိအမှတ် ပြုမှ သာအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏တောင်းဆိုမှုကို လေးစားလိုက်နာပြီး စစ်ကောင် စီ၏ အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရမည့် လိုအပ်ချက်ကို တုန့်ပြန် ဆောင်ရွက်ပေးနိုင် မည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။