Connect with us

Hi, what are you looking for?

News

ရဲဝတ်စုံနဲ့လူတစ်စုက AYAဘဏ်ရဲ့ကားတစ်စီးကို ဓားပြတိုက်၊ ကျပ်သိန်းလေးထောင်ကျော်ပါသွား

အကြမ်းဖက်လုယက်မှုကျူးလွန်သူများမှာ ယာဉ်ထိန်းရဲဝတ်စုံဖြင့် နှစ်ဦး အရပ်ဝတ်ဖြင့် လေးဦး စုစုပေါင်းအမျိုးသားခြောက်ဦးဖြစ်ပြီး လက်နက်နှစ်လက်ပါဝင်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

ပဲခူးတိုင်း အင်းတကော်မြို့အနီးတွင် ယနေ့မွန်းလွဲပိုင်းက ရဲယူနီဖောင်းဝတ်လူတစ်စုက ကားတစ်စီးကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်လုယက်မှုကျူးလွန်သူများမှာ ယာဉ်ထိန်းရဲဝတ်စုံဖြင့် နှစ်ဦး အရပ်ဝတ်ဖြင့် လေးဦး စုစုပေါင်းအမျိုးသားခြောက်ဦးဖြစ်ပြီး လက်နက်နှစ်လက်ပါဝင်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာမှာ ရန်ကုန်-မန္တလေးလမ်းဟောင်း အင်းတကော်မြို့နှင့် သာယာကုန်းကျေးရွကြားလမ်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဒေသခံက ရှင်းပြသည်။

ရဲယူနီဖောင်းဝတ်လူတစ်စု၏ အကြမ်းဖက်လုယက်မှုခံရသည့်ယာဉ်မှာ ဧရာဝတီဘဏ်(AYA)မှ ငွေသယ် ကားတစ်စီးဖြစ်ပြီး ကျပ်သိန်းလေးထောင်ကျော် ပါသွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း People’s Spring က အတည်ပြုချက်ရရှိရန် ဆက် လက်စုံစမ်းနေဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းများကလည်း ရန်ကုန်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်(မရမ်းကုန်းဘဏ်ခွဲ)နှင့် ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲများတွင် ဘဏ်ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကားတွေမှာ တံခါးကိုယ်ထည်ထဲ နစ်ဝင်သွားတဲ့ အဖွင့်အပိတ် ခလုတ် (hidden door handle)တွေ တပ်ဆင်မှုကို တရုတ်က တားမြစ်သွားမယ်လို့ သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကနေ ပေါင်မြို့နယ်ဘက်မောင်းလာတဲ့ ရထားနဲ့ ကားတစီးတိုက်မိတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စမ်းချောင်းမြို့နယ်အတွင်း ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။