Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်မှာ ရထားနဲ့ ကား တိုက်မိ

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။

(မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Bobowin)

ဇွန်-၂၇၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။

ဒီကနေ့(ဇွန်လ ၂၇ ရက်) မနက် ၆နာရီ၀န်းကျင်က တောင်ဝိုင်းလမ်းမကြီး ရထားသံလမ်းဂိတ်မှာ ရထားကို ကားက၀င်တိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဂိတ်ပိတ်တဲ့ကြားထဲက အတင်းဖြတ်တာ။ နံပါတ်အဝါတပ်ကား”လို့ ဖြစ်စဉ်ကို တွေ့ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ဝိုင်းလမ်းမကြီး ရထားသံလမ်းဂိတ်ကနေ ရန်ကုန်မြို့သွားမယ့် ရထားစက်ခေါင်းကို မော်လမြိုင်တက္ကသိုလ်ဘက်လာတဲ့ ဟိုက်ဂျက်ယာဉ်က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

ဟိုက်ဂျက်ယာဉ်မောင်း ဒဏ်ရာရပြီး မော်လမြိုင်ဆေးရုံပို့ပေးထားရတယ်လို့ ဘိုဘို၀င်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်ကို လာကြည့်တဲ့ ဆရာလေးတစ်ပါးလည်း ယာဉ်မောင်းဒဏ်ရာကို တွေ့ရှိပြီး မူးလဲသွားလို့ ပြုစုပေးခဲ့ရတယ်လို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

Facebook