Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကားတံခါးထဲ နစ်ဝင်သွားတဲ့ လက်ကိုင်ခလုတ်တွေ တပ်ဆင်မှုကို တရုတ် ပိတ်ပင်

ကားတွေမှာ တံခါးကိုယ်ထည်ထဲ နစ်ဝင်သွားတဲ့ အဖွင့်အပိတ် ခလုတ် (hidden door handle)တွေ တပ်ဆင်မှုကို တရုတ်က တားမြစ်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

ကားတွေမှာ တံခါးကိုယ်ထည်ထဲ နစ်ဝင်သွားတဲ့ အဖွင့်အပိတ် ခလုတ် (hidden door handle)တွေ တပ်ဆင်မှုကို တရုတ်က တားမြစ်သွားမယ်လို့ သိရပါတယ်။

တရုတ် စျေးကွက်ထဲမှာ ရောင်းချသမျှ ပြည်တွင်း၊ ပြည်ပ ထုတ်ကုန် မော်တော်ကား အားလုံးဟာ အတွင်းရော၊ အပြင်မှာပါ တံခါးလက်ကိုင် ခလုတ်တွေ တပ်ဆင်ထားရမယ်လို့ တရုတ် စက်မှုနဲ့ နည်းပညာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။

ဒီလို မူဝါဒ အပြောင်းအလဲ သတ်မှတ်လိုက်တာဟာ လုံခြုံရေးဆိုင်ရာ ရှုထောင့်ကနေ ချဉ်းကပ်မှုလည်း ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစလို့ စျေးကွက်ထဲမှာ ရောင်းချမယ့် ကားတွေဟာ ကိုယ်ထည် အပြင်ဖက် တံခါးလက်ကိုင်တွေ မဖြစ်မနေ ထည့်သွင်းရမယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ရောင်းချဖို့ ခွင့်ပြုချက် ပေးထားပြီးသား မော်ဒယ်တွေမှာတော့ ပြန်လည် ပြင်ဆင်ဖို့အတွက် အချိန် ၂ နှစ် သတ်မှတ်ပေးမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကားရဲ့ အပြင်ဖက် တံခါးလက်ကိုင်က ကိုယ်ထည်ထဲ နစ်ဝင်နေအောင် တီထွင်ထားတာဟာ အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Teslaနဲ့ တခြားကုမ္ပဏီ တချို့ရဲ့ ထုတ်ကုန်တွေမှာ လူကြိုက်များတဲ့ featureတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီ လက်ကိုင်တွေဟာ ကားတွေရဲ့ ရွေ့လျားနှုန်းကိုလည်း ပိုမို ကောင်းကျိုးဖြစ်စေပါတယ်။

ဒါပေမဲ့လည်း လုံခြုံရေး ရှုထောင့်အရ အဲဒီတံခါးလက်ကိုင်တွေနဲ့ ပတ်သက်ရင် စိုးရိမ်စရာတွေ ရှိနေကြောင်း၊ အခု အပြောင်းအလဲကလည်း ယာဉ်မောင်းသူတွေရဲ့ လုံခြုံရေးကို အထူးအလေးပေး စဉ်းစားထားတာဖြစ်ကြောင်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

အောက်တိုဘာလက တရုတ်မှာ လူအများ အာရုံစိုက်ရတဲ့ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တဲ့တဲ့နောက် အဲဒီ ပုန်းကွယ်နေတဲ့ တံခါးလက်ကိုင်တွေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ စတင်လာပါတယ်။

လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ မီးလောင်နေတဲ့ ကားတစ်စီးရဲ့ တံခါးကို အပြင်မှာ ရှိနေသူတွေက ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် တံခါးလက်ကိုင်က တံခါးကိုယ်ထည်ထဲ နစ်ဝင်နေတာကြောင့် ဖွင့်မရဘဲ ဖြစ်နေခဲ့ပါတယ်။ သူတို့က မှန်ကို ခွဲဖို့လည်း အားထုတ်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Xiaomi ကုမ္ပဏီက ထုတ်လုပ်တဲ့ လျှပ်စစ်ကားထဲမှာ အရက်မူးပြီး ကားမောင်းလာတယ်လို့ ယူဆရတဲ့ ယာဉ်မောင်းကတော့ မီးလောင်မှုအတွင်း သေဆုံးသွားပါတယ်။

တရုတ်မှာ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက် အသစ်မှာတော့ ကားနောက်ဖက် ပစ္စည်းတင်တဲ့ တံခါးကလွဲပြီး ကျန်တဲ့ ပတ်ပတ်လည် တံခါးအားလုံးမှာ အပြင်ဖက် အဖွင့်အပိတ် လက်ကိုင်တွေ ပါရမယ်လို့ တိတိကျကျ သတ်မှတ်ထားပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လျှပ်စစ်ကား စျေးကွက်အဖြစ် ကြီးထွားလာနေပါတယ်။ တရုတ် ကုမ္ပဏီဖြစ်တဲ့ BYDဟာ ပြီးခဲ့တဲ့ လတုန်းက အမေရိကန်ရဲ့ Teslaကို ကျော်တက်ပြီး နှစ်အလိုက် ကမ္ဘာပေါ်မှာ လျှပ်စစ်ကား တင်ပို့ရောင်းချမှု အများဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ပညာရေးကြောင့် ကလေးတွေ ဝန်မပိစေဖို့ အစီအမံသစ်တွေကို တရုတ် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

စူပါပါဝါ နိုင်ငံကြီးတွေရဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်သစ်တစ်ခု ချုပ်ဆိုရေး သဘောတူညီချက်မှာ ပါဝင်ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို တရုတ်က ငြင်းဆိုသွားခဲ့ပါတယ်။