Connect with us

Hi, what are you looking for?

News

သုံးလအတွင်းတိုက်ပွဲနှင့် ပဋိက္ခဖြစ်စဉ် တစ်ထောင်ကျော်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁,၇၀၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

သုံးလအတွင်း လက်နက်ကိုင်တိုက်ပွဲနှင့် ပဋိပက္ခ ဖြစ်စဉ်ပေါင်း ၁,၁၇၁ ခုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁,၇၁၀ဦး သေဆုံးပြီး ၆၃၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု ၄၃၁ဦး ကျဆုံးကာ ဒဏ်ရာရသူ ၁၈၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။

သုံးလအတွင်း တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် တစ်ထောင်ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁,၇၀၀ ကျော်သေဆုံးကာ ပြည်သလထုဘက်က ၄၀၀ကျော် ကျဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း ဇွန်လ ၁ရက်မှ ဩဂုတ် ၃၁ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခ ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ပြည်တွင်း မီဒီယာ ၃၀ ၌ ဖော်ပြထားသည့် သတင်းများနှင့် မြေပြင်သတင်းများကို ကာကွယ်ရေး ဝန်ကြီးဌာနက ပြုစုထုတ်ပြန်ခြင်းဖြစ်သည်။

တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များ အနက် စစ်ကောင်စီတပ်ကအရပ်သားများအပေါ် အကြမ်းဖက်မှုများ ၃၀၉ကြိမ်၊ စစ်ကောင်စီအချင်းချင်း ပစ်ခတ်မှု ၁၈ကြိမ်၊ ပေါက်ကွဲမှုများ ၂၈၀ ကြိမ်၊ လုပ်ကြံခံရမှုများ ၂၂၇ကြိမ်၊ပြည်သူ့ ခုခံတော်လှန်စစ် ၁၅၇ကြိမ် နှင့် လက်နက်ကိုင်တိုက်ပွဲများ ၁၈၀ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

သုံးလအတွင်း လက်နက်ကိုင်တိုက်ပွဲနှင့် ပဋိပက္ခ ဖြစ်စဉ်ပေါင်း ၁,၁၇၁ ခုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁,၇၁၀ဦး သေဆုံးပြီး ၆၃၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု ၄၃၁ဦး ကျဆုံးကာ ဒဏ်ရာရသူ ၁၈၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၊ ဇူလိုင်လနှင့် ဩဂုတ်လ သုံးလတာ နှိုင်းယှဉ်ချက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါက်ကွဲမှု ဖြစ်စဉ်များမှာ အရေအတွက် နည်းပါးလာပြီး လက်နက်ကိုင် တိုက်ပွဲများနှင့် ပြည်သူလူထု ခုခံတော်လှန်စစ်များ တဖြည်းဖြည်း များလာကြောင်း ထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်တိုက်ပွဲနှင့် ပြည်သူလူထု ခုခံတော်လှန်စစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ကေင်စီတပ် သား ၅၀၉ ဦးသေဆုံးပြီး ၂၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ခုခံတော်လှန်မှုများအတွင်း စစ်ကောင်စီတပ်သား ၉၉၄ ဦးသေဆုံးပြီး ၃၄၉ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဖော်ပြထားသည် ။

သုံးလတာအတွင်း၌ စစ်ကောင်စီက ပြည်သူလူထု အပေါ် အကြမ်းဖက်မှု အခြေအနေမှာ ဩဂုတ်လအတွင်း ပိုများလာကြောင်းထုတ်ပြန်သည်။

တိုင်းနှင့် ပြည်နယ်များအနက် စစ်ကိုင်းတိုင်းတွင် ပဋိပက္ခ ဖြစ်စဉ် အများဆုံး ဖြစ်ခဲ့ပြီး ကချင်ပြည်နယ်တွင် လက်နက်ကိုင် တိုက်ပွဲများ စစ်ကိုင်းတိုင်းတွင် ပြည်သူများ၏ ခုခံတော်လှန်မှုများ အများဆုံးဖြစ်သည်ဟုဆိုသည်။ ပေါက်ကွဲမှု အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုများကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Facebook