Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG နဲ့ စစ်ကောင်စီတို့ရဲ့ သံတမန်ရေးရာအားပြိုင်ပွဲ

စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလညီလာခံစကားပြောဆိုခွင့် ပြုမှာ မဟုတ်တဲ့အကြောင်း အင်အားကြီး နှစ်နိုင်ငံ ဆွေးနွေးမှုမှာ သဘောတူခဲ့တယ်လို့ Foreign Policy သံတမန်တွေကို ကိုးကားပြီးရေးပါတယ်။

လူထုထောက်ခံမှုရထားတဲ့ NUG နဲ့ နယ်မြေထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီတို့ရဲ့ ကုလသမဂ္ဂမှာနေရာရရေး တိုက်ပွဲဟာ စတင်နေပါပြီ။

သံတမန်ရေးရာ အားပြိုင်တဲ့ ဒီတိုက်ပွဲမှာ NUG နဲ့ စစ်ကောင်စီတို့ရဲ့အားသားချက်တွေက ဘာတွေရှိမလဲ၊ မြန်မာ ကိုယ်စားလှယ်နေရာ စိစစ်ဆုံးဖြတ် ကော်မတီမှာ ဘယ်နိုင်ငံတွေပါဝင်နေလဲ ၊ ဒီကော်မတီကနေ ဆုံးဖြတ်လာမယ့် ဖြစ်နိုင်ခြေတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အမေရိကန်အခြေစိုက် နိုင်ငံခြားရေးမူဝါဒစာစောင် Foreign Policy က သတင်းတစ်ပုဒ်မှာ အမေရိကန်နဲ့ တရုတ် တို့ဟာ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပဲ လာမယ့် နိုဝင်ဘာလအထိ ဆက်ထားဖို့ သဘောတူညီခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလညီလာခံစကားပြောဆိုခွင့် ပြုမှာ မဟုတ်တဲ့အကြောင်း အင်အားကြီး နှစ်နိုင်ငံ ဆွေးနွေးမှုမှာ သဘောတူခဲ့တယ်လို့ Foreign Policy သံတမန်တွေကို ကိုးကားပြီးရေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ တရားဝင်အစိုးရ တရပ်ဖြစ်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုအပေါ် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်တယ်လို့လည်း မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။