Connect with us

Hi, what are you looking for?

News

မြို့ပြပြောက်ကျားစစ်ပွဲတွေ ဆင်နွှဲမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ကြေညာ

နိုင်ငံတော်သစ်ထူထောင်ရေးအတွက် အသက်နဲ့ ခန္ဓာကိုရင်းကာ တိုက်ပွဲဝင်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ် တော်(Student Armed Force)က ဒီနေ့အသိ​ပေး ကြေညာပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်ဟာ ၎င်းတို့နဲ့ မျှော်မှန်းချက်တူညီတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ပြု လက်တွဲကာ နိုင်ငံတော်သစ်ထူထောင်ရေးအတွက် အသက်နဲ့ ခန္ဓာကိုရင်းကာ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကျောင်းသားပြည်သူတစ်ရပ်လုံးကို တိုင်တည်သစ္စာပြု ကြေညာလိုက်တာဖြစ်ပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်ဟာ အခုတော်လှန်ရေးမှာ သမာရိုးကျတောတွင်းပြောက်ကျားစစ်ပွဲနဲ့သာမက မြို့ ပြပြောက်ကျားစစ်ပွဲများမှာပါ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနဲ့အညီ အဖိနှိပ်ခံကျောင်းသားထုနဲ့ လူထု တစ်ရပ်လုံးကို မျက်နှာမူကိုယ်စားပြုကာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲသွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

News

ရန်သူဘက်မှ ကိုးဦးသေ ဆုံးပြီး စစ်ကောင်စီတပ်၏စစ်ကြောင်းမှာ တပ်စွဲထားသည့် အနီးစပ်ဆုံးရွာသို့ ပြန်ဆုတ်သွားကြောင်း ထုတ်ပြန်ချက်တွင်​ပါရှိသည်။

Facebook