Connect with us

Hi, what are you looking for?

News

ကျောင်းသားလက်ရုံးတပ် ပထမဆုံးတိုက်ပွဲ စစ်ကောင်စီတပ်ကိုးဦးသေ

ရန်သူဘက်မှ ကိုးဦးသေ ဆုံးပြီး စစ်ကောင်စီတပ်၏စစ်ကြောင်းမှာ တပ်စွဲထားသည့် အနီးစပ်ဆုံးရွာသို့ ပြန်ဆုတ်သွားကြောင်း ထုတ်ပြန်ချက်တွင်​ပါရှိသည်။

(​ကျောင်းသားလက်ရုံးတပ်​တော်တပ်ဖွဲ့ဝင်များ စစ်ပညာသင်ကြား​နေမှုနှင့် ယ​နေ့တိုက်ပွဲ သတင်းထုတ်ပြန်ချက် ဓါတ်ပုံ -SAF)

မကွေးတိုင်း တောတွင်းတစ်နေရာသို့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကျောင်းသားလက်ရုံးတပ်တော်(Student Armed Force)က ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့​ကြောင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၄)တွင် အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မကွေးတိုင်းအခြေစိုက် People’s Revolution Alliance(PRA Magway)နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယခုတိုက်ပွဲသည်​ကျောင်းသားလက်ရုံးတပ်​တော်အတွက် ပထမဆုံးဖြစ်သည်။

(​ကျောင်းသားလက်ရုံးတပ်​တော်တပ်ဖွဲ့ဝင်များ စစ်ပညာသင်ကြား​နေမှုနှင့် ယ​နေ့တိုက်ပွဲ သတင်းထုတ်ပြန်ချက် ဓါတ်ပုံ -SAF)

တိုက်ခိုက်မှုကြောင့် ရန်သူဘက်မှ ကိုးဦးသေ ဆုံးပြီး စစ်ကောင်စီတပ်၏စစ်ကြောင်းမှာ တပ်စွဲထားသည့် အနီးစပ်ဆုံးရွာသို့ ပြန်ဆုတ်သွားကြောင်း ထုတ်ပြန်ချက်တွင်​ပါရှိသည်။
ကျောင်းသားလက်ရုံးတပ်​တော်ကို ယ​​​နေ့တိုက်ပွဲနှင့်ပတ်သပ်၍ အ​သေးစိတ်သိ့ရှိရန် People’s Spring ကဆက်သွယ်​​မေးမြန်းရန်ကြိုးစား​နေ​သော်လည်း ဆက်သွယ်မရ​သေး​​ပေ။

(​ကျောင်းသားလက်ရုံးတပ်​တော်တပ်ဖွဲ့ဝင်များ စစ်ပညာသင်ကြား​နေမှုနှင့် ယ​နေ့တိုက်ပွဲ သတင်းထုတ်ပြန်ချက် ဓါတ်ပုံ -SAF)

ကျောင်းသာလူငယ်များဖြင့် စုစည်းတည် ထောင်ထားသည့် ကျောင်းသားလက်ရုံးတပ်တော်ဖွဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ တော်လှန်ရေး၏ တောင်းဆိုချက်ကြောင့်ဖြစ်သကဲ့သို့ ဖက်ဒရယ်နိုင်ငံရေးအမြင်၊ အဖိနှိပ်ခံနှင့် လူမျိုးစုစသည်တို့နှင့် ပိုမိုနည်းစပ်စေရန်ရည်ရွယ်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။ ​

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။