Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသတ်ဖြတ်သည့်အရပ်သား ၇၀ကျော်အပါအဝင် အာဏာသိမ်းပြီးနောက်ကရင်နီဒေသခံ ၉၄ဦး သေဆုံး

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ၌ တိုက်ပွဲဖြစ်ပွားမှု၊ ဒေသခံများသေဆုံးမှုနှင့် ဖမ်းဆီးခံရသူများ ၏ အခြေအနေကို PKPFက စက်တင်ဘာ ၁၈ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက အရပ်သားများအား အ ကြောင်းမဲ့ သတ်ဖြတ်ခြင်းအပါအဝင် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း၌ ကရင်နီ(ကယား)ဒေသခံ ၉၄ဦးသေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ၌ တိုက်ပွဲဖြစ်ပွားမှု၊ ဒေသခံများသေဆုံးမှုနှင့် ဖမ်းဆီးခံရသူများ ၏ အခြေအနေကို PKPFက စက်တင်ဘာ ၁၈ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများသေဆုံးမှု အခြေအနေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်စဉ် သေဆုံးသူ ၂ဦး၊ စစ်ကောင်စီမှ အရပ်သားများကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့၍ သေဆုံးသူ ၇၁ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၅ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သေဆုံးမှု ၁၆ဦး တို့ဖြစ်သည်ဟုဆိုသည်။

ထို့ပြင် ဖမ်းဆီးခံထားရသည့် ကရင်နီဒေသခံ ၁၂၄ဦးရှိရ ပုဒ်မ ၅၀၅(က)ဖြင့် ၁၀၇ဦး၊ ပုဒ်မ ၃၀၂ ဖြင့် ၇ဦး၊ ပုဒ်မ ၁၉(စ)ဖြင့် ၆ဦး၊ ပုဒ်မ ၁၇(၁)ဖြင့် ၄ဦး ရှိသည်ဆိုသည်။စစ်ကောင်စီက ၁၅ဦး ခန့်ကိုလည်း ထပ်မံ ဖမ်းဆီးထားပြီး ယင်း ၁၅ဦးခန့်သည် ၁၂၄ဦး စာရင်းတွင် မထည့်ရသေးဟုဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏသိမ်းစစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များနှင့် ကရင်နီတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တို့ ပူးပေါင်း၍ ခုခံခဲ့ရာ ကရင်နီဒေသရှိ မြို့နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ လွိုင်လင်လေး၊ မိုးဗြဲ၊ ဘောလခဲ၊ဖရူဆို၊ ဖားဆောင်း စသည့် ဒေသများ၌ တိုက်ပွဲ ၇၃ကြိမ်ဖြစ်ခဲ့သည်ဟု PKPFက ထုတ်ပြန် သည်။

PKPF၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှု အခြေအနေကို ဖော်ပြမထားသော်လည်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။

ကယားပြည်နယ်ရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်သို့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော် (KA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။