Connect with us

Hi, what are you looking for?

LuduNwayOo

News

သာကေတမှ သတင်းပေးဒလန်ဆိုသူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းခန့်အကြာမှာတော့ စစ်ကောင်စီတပ်တွေ ရောက်လာပြီး သေနတ်ဒဏ်ရာရထားတဲ့အောင်ကျော်စိုးကို ဆေးရုံပို့ခဲ့ပေမဲ့ လမ်းခုလပ်တင်သေဆုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။

သာကေတမြို့နယ်မှ သတင်းပေးဒလန်ဆိုသူတစ်ဦး ယနေ့နံ ၁၁ နာရီခွဲခန့်က သေနတ်နဲ့ပစ်သတ်ခံရကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ သာကေတ (၈)ထိပ်မှတ်တိုင်အနီး ဧရာဝဏ်လမ်းမကြီး၌ ဆိုက္ကားနင်းလာသူ အောင်ကျော်စိုးဆိုသူကို လူငယ်နှစ်ဦးက အနောက်မှနေ၍ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ထိုသို့ပစ်သတ်ခံရတာကြောင့် အောင်ကျော်စိုးဆိုသူမှာ ဆိုက္ကာပေါ်မှ ပြုတ်ကျပြီး သွေးအိုင်ထဲလဲကျနေတာတွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့သူက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းခန့်အကြာမှာတော့ စစ်ကောင်စီတပ်တွေ ရောက်လာပြီး သေနတ်ဒဏ်ရာရထားတဲ့အောင်ကျော်စိုးကို ဆေးရုံပို့ခဲ့ပေမဲ့ လမ်းခုလပ်တင်သေဆုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

သတင်းပေးဒလန်လို့ လူသိများတဲ့ အနှေးယာဉ်လုပ် သား အောင်ကျော်စိုးဟာ သာကေတ(၁၀)ဈေးအနီး ဆိုက္ကားနင်းသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

မေလ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သာကေတမြို့နယ် (၆)ရပ်ကွက် အောင်သုခ ၂၃ လမ်းရှိ နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရသည်။

သတင်း

တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

သတင်း

သေဆုံးသည့် နယ်ထိန်းစောလေးဖောမှာ သာကေတမြို့နယ်တွင် ပြည်သူများအပေါ် အနိုင်ကျင့်ပြုမှု၍ နာမည်ဆိုးဖြင့်သတင်းထွက်နေသူဟု ဒေသခံများက ပြောသည်။