Connect with us

Hi, what are you looking for?

News

သာကေတမှ သတင်းပေးဒလန်ဆိုသူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းခန့်အကြာမှာတော့ စစ်ကောင်စီတပ်တွေ ရောက်လာပြီး သေနတ်ဒဏ်ရာရထားတဲ့အောင်ကျော်စိုးကို ဆေးရုံပို့ခဲ့ပေမဲ့ လမ်းခုလပ်တင်သေဆုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။

သာကေတမြို့နယ်မှ သတင်းပေးဒလန်ဆိုသူတစ်ဦး ယနေ့နံ ၁၁ နာရီခွဲခန့်က သေနတ်နဲ့ပစ်သတ်ခံရကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ သာကေတ (၈)ထိပ်မှတ်တိုင်အနီး ဧရာဝဏ်လမ်းမကြီး၌ ဆိုက္ကားနင်းလာသူ အောင်ကျော်စိုးဆိုသူကို လူငယ်နှစ်ဦးက အနောက်မှနေ၍ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ထိုသို့ပစ်သတ်ခံရတာကြောင့် အောင်ကျော်စိုးဆိုသူမှာ ဆိုက္ကာပေါ်မှ ပြုတ်ကျပြီး သွေးအိုင်ထဲလဲကျနေတာတွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့သူက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းခန့်အကြာမှာတော့ စစ်ကောင်စီတပ်တွေ ရောက်လာပြီး သေနတ်ဒဏ်ရာရထားတဲ့အောင်ကျော်စိုးကို ဆေးရုံပို့ခဲ့ပေမဲ့ လမ်းခုလပ်တင်သေဆုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

သတင်းပေးဒလန်လို့ လူသိများတဲ့ အနှေးယာဉ်လုပ် သား အောင်ကျော်စိုးဟာ သာကေတ(၁၀)ဈေးအနီး ဆိုက္ကားနင်းသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။