Connect with us

Hi, what are you looking for?

News

၂၀၂၁ မက်ဘရိုက်ငြိမ်းချမ်းရေးဆု AAPP ရရှိ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဗျူရို(International Peace Bureau)ဟာ ငြိမ်းချမ်းရေး၊ လက်နက်ဖျက်သိမ်းရေး ဒါမှမဟုတ် လူ့အခွင့်အရေး နယ်ပယ်တွေမှာ ထူးချွန်စွာဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေကို နှစ်စဉ် ဂုဏ်ပြုပေးအပ်ချီး မြှင့်တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးဗျူရိုကပေးအပ်ချီးမြှင့်တဲ့ ၂၀၂၁ မက်ဘရိုက်ငြိမ်းချမ်းရေးဆု(MacBride Peace Prize)ကို ရရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဗျူရို(International Peace Bureau)ဟာ ငြိမ်းချမ်းရေး၊ လက်နက်ဖျက်သိမ်းရေး ဒါမှမဟုတ် လူ့အခွင့်အရေး နယ်ပယ်တွေမှာ ထူးချွန်စွာဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေကို နှစ်စဉ် ဂုဏ်ပြုပေးအပ်ချီး မြှင့်တာဖြစ်ပါတယ်။

“ဒီဆုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် သူတို့ဘ၀တွေနဲ့ လွတ်လပ်မှုကို ရင်းနှီးအနစ်နာခံခဲ့သူအားလုံးအတွက် ရည်ရွယ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ မတရားမှုတွေကို ဆန့် ကျင်ရုန်းကန်နေခဲ့ကြတဲ့ သူရဲကောင်းအားလုံးကိုယ်စား AAPP က ဒီဆုကို ရိုးကျိုးစွာလက်ခံပါတယ်” လို့ AAPP က ထုတ်ပြန်ပါတယ်။

AAPP ဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို တောက်လျှောက်စောင့်ကြည့်နေကာ ကျဆုံးခဲ့သူတွေ၊ ဖမ်းဆီးခံရသူတွေ၊ ထောင်အကျဉ်းကျနေသူတွေ၊ ဖမ်း၀ရမ်းထုတ်ခံထားရသူတွေ စတဲ့စာရင်းတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာကသိရှိအောင် ထုတ်ပြန်ပေးနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

AAPP ရဲ့ စက်တင်ဘာ ၁၈ ရက်ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီသတ်ဖြတ်လို့ ပြည်သူ ၁၁၀၉ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၈၂၆၅ ဦးရှိနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တစ်လတာအတွင်းမှာတင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်ချက် ကြောင့် အရပ်သား ၁၁၃ ဦး အသက် ဆုံးပါး ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အသိပေးဖော်ပြပါတယ်။

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။