Connect with us

Hi, what are you looking for?

News

ကျောက်မဲရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

ကျောက်မဲမြို့ အမှတ် (၁)ရပ်ကွက်ရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်ပြီး ပျက်စီးမှုအသေးစိတ်အခြေအနေကို မသိရသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ Mytel တာဝါတိုင် ယနေ့ည ၇နာရီ ၄၇မိနစ်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့ အမှတ် (၁)ရပ်ကွက်ရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်ပြီး ပျက်စီးမှုအသေးစိတ်အခြေအနေကို မသိရသေးပေ။

“ပေါက်ကွဲသံ အကျယ်ကြီးကြားရတာ။ Mytel တိုင် ထိသွားပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် အဓိကပိုင်ဆိုင်သောလုပ်ငန်းတစ် ခုဖြစ်သော Mytel အော်ပရေတာ၏ Mytel တာဝါတိုင်များကို နိုင်ငံတစ်ဝန်း ဒေသခံကာကွယ်ရေးအဖွဲ့များက နေ့စဉ်ဖောက်ခွဲဖျက်ဆီးနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။