Connect with us

Hi, what are you looking for?

News

နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရွာအတွင်းပစ်၍ ဒေသခံမိသားစုဝင်လေးဦးသေ၊ တစ်ဦးဒဏ်ရာအပြင်းအထန်ရ

“အခုဖြစ်တဲ့အိမ်နဲ့ တပ်စွဲထားတဲ့ကျောင်းနဲ့က သုံးလေးအိမ်လောက်ပဲဝေးတာ။ ညက ဖြစ်တာ ဘေးရွာတွေကတောင် ကြားရတယ်။”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရွာအတွင်းလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျ၍ မိသားစုဝင်လေးဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့( စက်တင်ဘာလ ၂၁ ရက်) နံနက် ၁၂နာရီ မိနစ်၂၀အချိန်တွင် အကြမ်းဖက်စစ်အုပ်စုဘက်မှ နွားထိုးကြီးမြို့အနောက်ဘက် လျှော်ဖြူကျေးရွာတွင် စည်းကမ်းမဲ့သေနတ်ပစ်ဖောက်မှုများ၊ RPGနှင့်ပစ်ခတ်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်တွင် လျှော်ဖြူ (အလယ်) ကျေးရွာ ဆီစက်အိမ်သို့ RPG အမြှောက်ဆံတစ်ခုကျရာ ၎င်းဆီစက်ရှိ မိသားစုဝင် (၄)ဦး သေဆုံး၍ (၁)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီးလူထုလှုပ်ရှားမှုကော်မတီက ယနေ့ သတင်းထုတ်ပြန် သည်။

“အခုဖြစ်တဲ့အိမ်နဲ့ တပ်စွဲထားတဲ့ကျောင်းနဲ့က သုံးလေးအိမ်လောက်ပဲဝေးတာ။ ညက ဖြစ်တာ ဘေးရွာတွေကတောင် ကြားရတယ်။”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် အရက်သေစာသောက်စားပြီး အချင်းချင်းစကားများရန်ဖြစ်ရင်း ပစ်ခတ်ကြရာမှ ရွာအတွင်းနေအိမ်ပေါ်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။အဆိုပါအိမ်အပြင် အခြားအိမ်များရှိ ပြည်သူအချို့လည်း ကျည်ဆန်ထိမှန်ဒဏ်ရာ ရရှိသူများရှိကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများ၏ ရုပ်အလောင်းများကို ယနေ့နံနက် ၃နာရီအချိန်တွင် မေတ္တာမွန် နာရေးကူညီမှုအသင်း၏ အကူအညီဖြင့် နွားထိုးကြီးမြို့ရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook