Connect with us

Hi, what are you looking for?

LuduNwayOo

News

နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရွာအတွင်းပစ်၍ ဒေသခံမိသားစုဝင်လေးဦးသေ၊ တစ်ဦးဒဏ်ရာအပြင်းအထန်ရ

“အခုဖြစ်တဲ့အိမ်နဲ့ တပ်စွဲထားတဲ့ကျောင်းနဲ့က သုံးလေးအိမ်လောက်ပဲဝေးတာ။ ညက ဖြစ်တာ ဘေးရွာတွေကတောင် ကြားရတယ်။”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရွာအတွင်းလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျ၍ မိသားစုဝင်လေးဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့( စက်တင်ဘာလ ၂၁ ရက်) နံနက် ၁၂နာရီ မိနစ်၂၀အချိန်တွင် အကြမ်းဖက်စစ်အုပ်စုဘက်မှ နွားထိုးကြီးမြို့အနောက်ဘက် လျှော်ဖြူကျေးရွာတွင် စည်းကမ်းမဲ့သေနတ်ပစ်ဖောက်မှုများ၊ RPGနှင့်ပစ်ခတ်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်တွင် လျှော်ဖြူ (အလယ်) ကျေးရွာ ဆီစက်အိမ်သို့ RPG အမြှောက်ဆံတစ်ခုကျရာ ၎င်းဆီစက်ရှိ မိသားစုဝင် (၄)ဦး သေဆုံး၍ (၁)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီးလူထုလှုပ်ရှားမှုကော်မတီက ယနေ့ သတင်းထုတ်ပြန် သည်။

“အခုဖြစ်တဲ့အိမ်နဲ့ တပ်စွဲထားတဲ့ကျောင်းနဲ့က သုံးလေးအိမ်လောက်ပဲဝေးတာ။ ညက ဖြစ်တာ ဘေးရွာတွေကတောင် ကြားရတယ်။”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် အရက်သေစာသောက်စားပြီး အချင်းချင်းစကားများရန်ဖြစ်ရင်း ပစ်ခတ်ကြရာမှ ရွာအတွင်းနေအိမ်ပေါ်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။အဆိုပါအိမ်အပြင် အခြားအိမ်များရှိ ပြည်သူအချို့လည်း ကျည်ဆန်ထိမှန်ဒဏ်ရာ ရရှိသူများရှိကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများ၏ ရုပ်အလောင်းများကို ယနေ့နံနက် ၃နာရီအချိန်တွင် မေတ္တာမွန် နာရေးကူညီမှုအသင်း၏ အကူအညီဖြင့် နွားထိုးကြီးမြို့ရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

သတင်း

ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်​တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။