Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းအား ထုတ်နေမှုတွေကို ဒိန်းမတ်ဆက်လက်ထောက်ခံ

ဒီနေ့ကျရောက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ ဒိန်းမတ်က အခုလိုထုတ်ပြန်တာဖြစ်ပြီး ကမ္ဘာ့အကျပ် အတည်း ကြုံနေရတဲ့ ဒီလိုအချိန်မှာ မြန်မာပြည်သူလူထု ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မမေ့ကြဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းအားထုတ်နေမှုတွေကို ဒိန်းမတ်နိုင်ငံက ဆက်လက် ထောက်ခံအားပေးနေတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ ဒိန်းမတ်က အခုလိုထုတ်ပြန်တာဖြစ်ပြီး ကမ္ဘာ့အကျပ် အတည်း ကြုံနေရတဲ့ ဒီလိုအချိန်မှာ မြန်မာပြည်သူလူထု ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မမေ့ကြဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒိန်းမတ်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ အာဏာသိမ်းမှုကိုဆန့်ကျင်ရှုတ်ချခဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ကာကွယ်မြှင့်တင်ပေးမယ်လို့ ပြတ်သားစွာ သန္နိဋ္ဌာန်ချထားကြောင်း ကြေညာထားပါတယ်။

ဥရောပသမဂ္ဂနဲ့အတူ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များကို ခြွင်းချက်မရှိ အသိအမှတ်ပြုလက်ခံပြီး ဒီမိုကရေစီကို ချက်ချင်း ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှ ပြည်သူလူထုဟာ တစ်နှစ်ခွဲကျော်ကြာ ကပ်ရောဂါ ဘေးဒဏ်ကို ခံစားခဲ့ကြရပြီး မြန်မာနိုင်ငံထက် မည်သည့်နိုင်ငံမှ ဒီဘေးဒဏ်ကို ပိုခံစားကြရမှာ မဟုတ်ဘူးလို့လည်း ဒိန်းမတ်သံရုံးက ထုတ်ပြန်ပါတယ်။

အသက်ကယ် ကာကွယ်ဆေးများ၊ ကုသမှုများနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အလားအလာများကို မူရင်းနေထိုင်ရာ အရပ်များမှာပင် ပြည်သူလူထု အားလုံးရရှိဖို့ အတွက် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို လေးစားကြရမယ်လို့ ဒိန်းမတ်က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘော်ဆန် အဆောက်အအုံကို ၁၆၂၅ ခုနှစ်တုန်းက ဒိန်းမတ်လွှတ်တော်၊ ခရစ္စရှန်ဘော့ဂ် တော်ဝင်နန်းတော်တို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ဆောက်ခဲ့တာပါ။ မီးလောင်မှု ဖြစ်နေချိန်အတွင်း အနားမှာရှိတဲ့ ရင်ပြင်က လူစုလူဝေးကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

လက်နက်နှင့် လူအင်အား ကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။