Connect with us

Hi, what are you looking for?

News

ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းအား ထုတ်နေမှုတွေကို ဒိန်းမတ်ဆက်လက်ထောက်ခံ

ဒီနေ့ကျရောက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ ဒိန်းမတ်က အခုလိုထုတ်ပြန်တာဖြစ်ပြီး ကမ္ဘာ့အကျပ် အတည်း ကြုံနေရတဲ့ ဒီလိုအချိန်မှာ မြန်မာပြည်သူလူထု ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မမေ့ကြဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းအားထုတ်နေမှုတွေကို ဒိန်းမတ်နိုင်ငံက ဆက်လက် ထောက်ခံအားပေးနေတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ ဒိန်းမတ်က အခုလိုထုတ်ပြန်တာဖြစ်ပြီး ကမ္ဘာ့အကျပ် အတည်း ကြုံနေရတဲ့ ဒီလိုအချိန်မှာ မြန်မာပြည်သူလူထု ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မမေ့ကြဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒိန်းမတ်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ အာဏာသိမ်းမှုကိုဆန့်ကျင်ရှုတ်ချခဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ကာကွယ်မြှင့်တင်ပေးမယ်လို့ ပြတ်သားစွာ သန္နိဋ္ဌာန်ချထားကြောင်း ကြေညာထားပါတယ်။

ဥရောပသမဂ္ဂနဲ့အတူ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များကို ခြွင်းချက်မရှိ အသိအမှတ်ပြုလက်ခံပြီး ဒီမိုကရေစီကို ချက်ချင်း ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှ ပြည်သူလူထုဟာ တစ်နှစ်ခွဲကျော်ကြာ ကပ်ရောဂါ ဘေးဒဏ်ကို ခံစားခဲ့ကြရပြီး မြန်မာနိုင်ငံထက် မည်သည့်နိုင်ငံမှ ဒီဘေးဒဏ်ကို ပိုခံစားကြရမှာ မဟုတ်ဘူးလို့လည်း ဒိန်းမတ်သံရုံးက ထုတ်ပြန်ပါတယ်။

အသက်ကယ် ကာကွယ်ဆေးများ၊ ကုသမှုများနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အလားအလာများကို မူရင်းနေထိုင်ရာ အရပ်များမှာပင် ပြည်သူလူထု အားလုံးရရှိဖို့ အတွက် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို လေးစားကြရမယ်လို့ ဒိန်းမတ်က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Trending

Facebook