Connect with us

Hi, what are you looking for?

News

တစ်ပတ်အတွင်း တိုက်ပွဲနှင့်ပဋိပက္ခ ၁၂၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဟု NUG ထုတ်ပြန်

အဆိုပါ ဖြစ်စဉ်များကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု ၁၀၉ဦးရှိပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိမှု ၃၄ဦး ရှိသည်ဟုဆိုသည်။ ထို့ပြင် ပြည်သူ ၃၃ဦး ကျဆုံးခဲ့ပြီး ၁၉ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ တစ်ပတ်အတွင်း တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ် ၁၂၆ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၉ ဦးသေဆုံးပြီး ပြည်သူ ၃၃ဦး ကျဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက်မှ ၂၀ရက်အထိ တစ်ပတ်တာ အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းမီဒီယာ ၃၀ ၌ ဖော်ပြထားသည့် သတင်းများကို အခြေခံ၍ ပြုစုထုတ်ပြန်ခြင်းဖြစ်သည်။

တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၁၂၆ခု မှာ စစ်ကောင်စီတပ်က အရပ်သားများအပေါ် အကြမ်းဖက်မှု ၄၂ကြိမ်၊ စစ်ကောင်စီအချင်းချင်း ပစ်ခတ်မှု ၁ကြိမ်၊ ပေါက်ကွဲမှု ၃၃ကြိမ်၊ လုပ်ကြံခံရမှု ၁၉ကြိမ်၊ ပြည်သူ့ခုခံတော်လှန်စစ် ၂၁ကြိမ်၊ လက်နက်ကိုင်တိုက်ပွဲများ ၁၀ကြိမ်တို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု ၁၀၉ဦးရှိပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိမှု ၃၄ဦး ရှိသည်ဟုဆိုသည်။ ထို့ပြင် ပြည်သူ ၃၃ဦး ကျဆုံးခဲ့ပြီး ၁၉ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ခုခံတော်လှန်စစ် ကြေညာခဲ့သည့် စက်တင်ဘာ ၇ရက်နောက်ပိုင်း၌ ပြည်သူ့ရင်ခွင် ခိုလှုံလိုကြောင်း ဆက်သွယ်လာသူ အရေအတွက် တိုးပွားလာနေသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တပ်မတော်သားများနှင့် ပြည်သူ့ရဲများ အနေဖြင့် ယခုအချိန်သည် နိုင်ငံကို ဆင်းရဲတွင်း နက်သထက်နက်အောင် ပြုလုပ်နေသည့် အာဏာသိမ်း အကြမ်းဖက်အဖွဲ့အစည်းကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် ခိုလှုံရန် အချိန်အခါကောင်းဖြစ် ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။