Connect with us

Hi, what are you looking for?

News

ကျောက်ကြီးတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ နှစ်ဦးကျဆုံး

“မိမိတို့နှင့် Eo များ အကျအဆုံး ထိခိုက်မှုမရှိ။ ခွေးများဘက်မှ နှစ်ဦးကျဆုံး ထိခိုက်ဒဏ်ရာ အရေအတွက် အတည်မပြုနိုင်သေးပါ။ စစ်ရေး ကျွမ်းသော EO များရဲ့ ဦးဆောင်မှုဖြင့် တိုက်စစ်ကောင်းဖြင့် ကာကွယ်နေပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီခန့်ကစပြီး စစ်ကောင်စီတပ်နှင့် ပဲခူးတိုင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(BPDF-Yoma)နှင့် KNU/KNLA ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း BPDF-Yoma က ထုတ်ပြန်သည်။

“မိမိတို့နှင့် Eo များ အကျအဆုံး ထိခိုက်မှုမရှိ။ ခွေးများဘက်မှ နှစ်ဦးကျဆုံး ထိခိုက်ဒဏ်ရာ အရေအတွက် အတည်မပြုနိုင်သေးပါ။ စစ်ရေး ကျွမ်းသော EO များရဲ့ ဦးဆောင်မှုဖြင့် တိုက်စစ်ကောင်းဖြင့် ကာကွယ်နေပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်ပွဲဖြစ်ပွားသည့်နေရာမှာ ကျောက်ကြီးမြို့နယ် စက်လဲကျေးရွာအနီးတွင်ဖြစ်ပြီး ယင်းနေရာသည် တောင်ငူခရိုင်အတွင်းရှိ KNU တပ်မဟာ(၃)၏ ထိန်းချုပ်နေရာတစ်ခုလည်း ဖြစ်သည်။

တိုက်ပွဲအခြေအနေများကြောင့် စက်လဲကျေးရွာရှိ သက် ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအား ဘေးရန်ကင်းရာနေရာများသို့ တိမ်းရှောင်ပေးကြရန် ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(BPDF- Yoma) က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကျောက်ကြီးမြို့နယ် KNU တပ်မဟာ(၃)၏ ထိန်း ချုပ်နယ်မြေများသို့ စစ်ကောင်စီတပ်မှ အင်အား (၂၀၀)ခန့်ဖြင့် ယမန်နေ့(စက်တင်ဘာ ၂၁)ရက်က တည်းက စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမက သတင်းထုတ်ပြန်ထား သည်။

(စစ်ရေးလှုပ်ရှားမှုများရှိနေသည့် ကျောက်ကြီးမြို့နယ် တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။