Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်ထောက်ခံပြီး စစ်ကောင်စီကို အသိအမှတ်ပြုမှာမဟုတ်လို့ ဗြိတိန်အစိုးရ ထုတ်ပြန်

ဗြိတိန်ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးစားရုန်းကန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ကြောင်း ထပ်လောင်း ကတိပြုခဲ့ပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ဆက်လက်ကူညီထောက်ခံမှာဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကတဆင့် စစ်ကောင်စီလိုချင်တဲ့ အသိအမှတ်ပြုမှုကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။

ဗြိတိန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီရဲ့ မြန်မာ့အကျပ်အတည်းတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာကို အစိုးရက ပြန်ကြားရာမှာအောက်လွှတ် တော်၊ ကော်မတီရဲ့ အကြံပြု ချက်တွေကို သဘောတူကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ထောက်ခံသွားမယ့်အ ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

နိုင်ငံခြားရေးရာကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရကို တက်လာမယ့် အစိုးရအဖြစ် အသိ ပြုဆက်ဆံဖို့ တိုက်တွန်းခဲ့တာဖြစ်ပြီး ဗြိတိန်အစိုးရကလည်း ကော်မတီရဲ့တောင်းဆိုချက်ကို ငြင်းပယ်ခြင်းမရှိဘဲ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့နဲ့ ထိတွေ့ဆက်ဆံနေတဲ့အကြောင်း တုံ့ပြန်ပါတယ်။

ဗြိတိန်ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးစားရုန်းကန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ကြောင်း ထပ်လောင်း ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဗြိတိန်အစိုးရဟာ တရားမဝင်အာဏာသိမ်းမြန်မာစစ်တပ်ကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုကို သင့် လျော်သလို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး စစ်လက်နက်ရောင်းချခြင်းမပြုဖို့ အခြားသော နိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook