Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ် ကျီကုန်ရွာကို စစ်​ကောင်စီတပ်က ထပ်မံလာ​ရောက်မီးရှို့၊ မီးရှို့ပြီးအပြန် စစ်ကားမိုင်းထိ

“ကံထူးမမှာတော့ ရဲတွေက ပစ်ခတ်နေလို့ စျေးသည်တွေလည်း အမြန်သိမ်းပြီးပြန်ကုန်ကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ကျီကုန်းရွာကိုအာဏာသိမ်းစစ်ကောင်စီတပ်များက နှစ်ရက်ဆက်လာ​ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ၂၂ ရက်ညက ကျီကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူနှင့် ရဲဝန်ထမ်းမိသားစု၏ နေအိမ်တစ်အိမ်သို့ အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ရာ ငါးဦးသေဆုံးခဲ့သည်။

ထို့နောက် စက်တင်ဘာ ၂၃ရက် နံနက်ပိုင်းတွင် ကျီကုန်းရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ​ဒေသခံပြည်သူများ၏​နေအိမ် ၁၁လုံးခန့်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (NLD) ပါတီအမာခံတစ်ဦး၏ နေအိမ်ကိုလည်း မီးရှို့ရုံမက စပါးတင်း၆၀၀ ဝန်းကျင်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (စက်တင်ဘာလ ၂၄ ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်များ ထပ်မံရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး နွားများကိုပါ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။​ ကျေးရွာသူ၊​ကျေးရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှုအခြေ အနေကိုအ​သေးစိပ် မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ကျီကုန်းရွာမှမီးရှိ့ပြီးပြန်သွားသည့် စစ်ကောင်စီတပ်ကားများ ကံထူးမရွာအဝင်တွင် မိုင်းခွဲတိုက် ခိုက်ခံရ​ကြောင်းသတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

သို့​သော် ကံထူးမရွာတွင် ​သေနတ်ဖြင့်ပစ်ခတ်​နေ သဖြင့် စစ်​ကောင်စီတပ်ကား မိုင်းထိမှန်မှု​ကြောင့် ထိခိုက်ပျက်စီးမှု အ​ခြေအ​နေကိုမသိရ​သေး​ကြောင်း ​ဒေသခံအချို့က​ ပြောသည်။

“ကံထူးမမှာတော့ ရဲတွေက ပစ်ခတ်နေလို့ စျေးသည်တွေလည်း အမြန်သိမ်းပြီးပြန်ကုန်ကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။