Connect with us

Hi, what are you looking for?

News

ဖယ်ခုံနှင့် ဒီးမော့ဆိုတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ၌ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ ကြောင်း၊ရန်သူဖက်မှ ထိခိုက်ကျဆုံးမှု အခြေအနေကိုလည်း အတည်မပြုနိုင်ကြောင်း ဖော်ပြခဲ့သည်။

People's Spring
People's Spring

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ ယမန်နေ့က တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ယနေ့ သတင်း ထုတ်ပြန်သည်။

စက်တင်ဘာ ၂၃ရက် ညနေပိုင်းက ဒီးမောဆိုမြို့နယ်၊ ကုန်းသာကျေးရွာအနီး ကျောက်ဆယ်ကန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ငွေတောင်ဘက်မှခြေလျင် တပ်များဖြင့် ချီတက်လာသည့်အတွက် ကရင်နီ တပ်မတော် (KA)၊ KNDF နှင့် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့ပြင် ဖယ်ခုံမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဖယ်ခုံမြို့နယ် PDF၊ KNDF ပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ၌ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ ကြောင်း၊ရန်သူဖက်မှ ထိခိုက်ကျဆုံးမှု အခြေအနေကိုလည်း အတည်မပြုနိုင်ကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစ၍ တကျော့ပြန် တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။