Connect with us

Hi, what are you looking for?

News

မုန်တိုင်းငယ်ကို အဝါ​ရောင်အဆင့်သတ်မှတ်ထား

အဆိုပါမုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေမှာ မြန်မာဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားပြီး နောက် (၄၈) နာရီအတွင်း အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားကာ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လိုပ မိုးဇလက ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၁၁၅)မိုင်ခန့်၊ ဂွမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၁၉၅)မိုင်ခန့်၊ ဟိုင်းကြးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၂၃၅)မိုင်ခန့်နဲ့ အိန္ဒိယနိုင်ငံ ပါရာဒစ်ရှ်မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် (၂၉၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာပါ။

အဆိုပါမုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေမှာ မြန်မာဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားပြီး နောက် (၄၈) နာရီအတွင်း အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားကာ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လိုပ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ညနေကနေ နောက် (၄၈)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင် ၊ မွန်နဲ့ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်ပြီး မိုးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉) ပေကနေ (၁၂) ပေခန့်ရှိနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

မုန်တိုင်းငယ်ကြောင့် မိုးရွာသွန်းတာနဲ့ အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနေထိုင်ကြဖို့၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၄ သိန်းလောက် အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။