Connect with us

Hi, what are you looking for?

News

တာ​မွေမြို့နယ်ရဲမှူးရုံးမှ ရဲတပ်သားတစ်ဦးကို အတွင်းသတင်း​ပေးဟုဆိုကာ ဖမ်းဆီး၊ CDMရဲများအား ချိတ်ဆက်ဖမ်းဆီးရန် စီစဥ်​နေ

CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ရရှိသည့် အထက်ပါ သတင်းကို ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဘက်CDMရဲများအား လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(စက်တင်ဘာ ၂၅) အသိပေးထားခြင်းဖြစ်သည်။

People's Spring
People's Spring

တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားတစ်ဦးကို အတွင်းသတင်းပေးဟုစွပ်စွဲကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး CDM ရဲများအား ချိတ်ဆက်ဖမ်းဆီးရန်စီစဥ်နေသည်ဟု သတင်းရရှိသည်။

CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ရရှိသည့် အထက်ပါ သတင်းကို ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဘက်CDMရဲများအား လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(စက်တင်ဘာ ၂၅) အသိပေးထားခြင်းဖြစ်သည်။

Public Service Announcement

“တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားတစ်ဦးအား အတွင်းသတင်းများ ပေါက်ကြားသည်ဟု စွပ်စွဲကာ စကစမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း။။ အဆိုပါရဲတပ် သားအား အသုံးချကာ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် များအား ချိတ်ဆက်ခိုင်းပြီး စုံစမ်းဖော်ထုတ်ရန် စီစဥ်နေကြောင်း တပ်တွင်းဖရဲသီးမှ သတင်းပေးပို့လာသဖြင့် သတိထားနိုင်ရန် တင်ပြအပ်ပါသည်”ဟု သတင်းထုတ်ပြန် အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းပြီးနောက် CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင် အရေအတွက်သည် ၅,၀၀၀ခန့်အထိရှိနေပြီး ချင်းပြည်နယ်မှ အများဆုံးဖြစ်သည်ဟု CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။