Connect with us

Hi, what are you looking for?

News

တီးတိန်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၁၀ဦးကျော်သေဟု NUGထုတ်ပြန်၊ ဒီးမော့ဆိုတွင်လည်း တိုက်ပွဲဖြစ်

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ထုတ်ပြန်ခဲ့ရာတွင် စက်တင်ဘာ ၂၅ရက် တွင် ကချင် ပြည်နယ် ဖားကန့်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန်ရွာအနီး၌ စစ်ကောင်စီယာဉ်ကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၁၀ဦးကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ် စစ်ရေးသတင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

စက်တင်ဘာ ၂၄ရက် ညပိုင်း၌ ဆိုဇန်ရွာအနီးတွင် စစ်ကောင်စီ စစ်ကား ၂စီးပစ်ခတ်ခံရကာ တစ်စီးမှာပျက်စီးမှုများပြီး ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၀ကျော်သေ ဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် မည့်အဖွဲ့က တိုက်ခိုက်သည်ဆိုသည်ကို ဖော်ပြမထားပေ။ အဆိုပါဒေသ၌ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) လှုပ်ရှားရာဒေသဖြစ်သည်။

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ထုတ်ပြန်ခဲ့ရာတွင် စက်တင်ဘာ ၂၅ရက် တွင် ကချင် ပြည်နယ် ဖားကန့်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ထိုပြင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၌လည်း စက်တင်ဘာ ၂၅ရက် နံနက် ၉နာရီမှစ၍ ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဒီးမော့ဆို PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော်(KA) တို့က ခုခံတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က တာဝေးပစ် အမြောက်များ အသုံးပြုပစ်ခတ်သည့်အပြင် ပြည်သူ လူထု၏ အိုးအိမ်အချို့ကို ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ဒီးမော့ဆိုမြို့နယ် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။