Connect with us

Hi, what are you looking for?

News

ချောင်းဦး PDFက သတိပေးပြီး​နောက် ​စစ်​ကောင်စီခန့်အုပ်ကြီးများစတင်နှုတ်ထွက်

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးထောက်တိုင်များဖြစ်သော ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားလုံး စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ နှုတ်ထွက်ကြရန် ချောင်းဦးမြို့နယ်​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စက်တင်ဘာလ ၂၄ ရက်တွင် သတိပေးစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက် အောက် တာဝန်ထမ်းဆောင်နေသော ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများအား ချောင်းဦး PDFမှ ယခုလကုန်နောက်ဆုံးထားနှုတ်ထွက်ရန် သတိပေးခဲ့ပြီးနောက် အုပ်ချုပ်ရေးမှုးအချို့ ရာထူးမှစတင်နှုတ်ထွက်​နေကြပြီဖြစ်ကြောင်း ချောင်းဦးဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်က ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဦးလှဝင်းသည်လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်တွင် ချောင်းဦးမြို့နယ် ကျောက်စစ်ကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးလှဌေးသ​ည်လည်းကောင်း အုပ်ချုပ်ရေးမှုး ရာထူး အသီးသီးမှ နှုတ်ထွက်သွားကြောင်း ချောင်းဦးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လနှင့် စက်တင်ဘာဆန်းအတွင်းကလည်း ချောင်းဦးမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်ခဲ့ကြောင်း ဒေသခံများက ပြော သည်။

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးထောက်တိုင်များဖြစ်သော ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားလုံး စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ နှုတ်ထွက်ကြရန် ချောင်းဦးမြို့နယ်​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စက်တင်ဘာလ ၂၄ ရက်တွင် သတိပေးစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လိုက်နာရန်ပျက်ကွက်ပါက မည်သို့သောအကြောင်းပြချက်ဖြင့်ပျက်ကွက်သည်ဖြစ်စေ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင် စီ၏ထောက်တိုင်များ အဖြစ်သတ်မှတ်၍ ချေမှုန်းသွားမည်ဖြစ်ကြောင်း သတိပေးလိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိပေးသည်။

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီ၏ယန္တရားအတွက် အခွန်အခများကောက်ခံလျက်ရှိသည့် လျှပ်စစ်ဌာန နှင့် စည်ပင် ဌာနများမှ ဝန်ထမ်းများကိုလည်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သတိ ပေးချက်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါသတိပေး ချက်ကိုလည်း မပျက်မကွက် လိုက်နာကြရန်နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာသတိပေးလိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့