Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျ အနောက်ပိုင်း ကမ်းခြေကို အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဩစတြေးလျနိုင်ငံ အနောက်ပိုင်းကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဇီလီရာ ဝင်ရောက် တိုက်ခတ်လို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဩစတြေးလျနိုင်ငံ အနောက်ပိုင်းကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဇီလီရာ ဝင်ရောက် တိုက်ခတ်လို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဩစတြေးလျရဲ့ ဓာတ်သတ္တု သယံဇာတတွေ ထွက်ရှိမှု ပေါကြွယ်ဝရာ အနောက်ဖက် ကမ်းရိုးတန်းကို ခပ်ဖြည်းဖြည်း ရွေ့လျားပြီး တစ်နာရီ ကီလိုမီတာ ၂၉၀ နှုန်းလောက်ထိ လေတိုက်နှုန်း ပြင်းထန်တဲ့ ဆိုင်ကလုန်း ဝင်ရောက်ခဲ့တာပါ။

ပို့ထ်ဟတ်ဒ်လန်းမြို့နားကို ဆိုင်ကလုန်း ဖြတ်သန်း ဝင်ရောက်ချိန်တုန်းက မုန်တိုင်းဟာ Category fiveအဆင့် အားအပြင်းဆုံး အခြေအနေမျိုးနဲ့ တိုက်ခတ်နေခဲ့တာပါ။ အဲဒီ ဧရိယာဟာ ကမ္ဘာပေါ်မှာ သံသတ္တုရိုင်း တင်ပို့မှု အများဆုံး ဆိပ်ကမ်းတွေ တည်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

မုန်တိုင်း ချဉ်းကပ်လာချိန် ကတည်းက ဩစတြေးလျ အနောက်ဖက် ကမ်းခြေမှာ လေပြင်းတိုက်ခတ်မှုနဲ့ ရေကြီးမှု အန္တရာယ် သတိပေးချက်တွေ ကြေညာထားပြီး ဆိပ်ကမ်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကံအားလျော်စွာပဲ မုန်တိုင်းဗဟိုချက်ဟာ ပို့ထ်ဟတ်ဒ်လန်းရဲ့ အရှေ့ဖက်ကနေ ကုန်းတွင်းဝင်ရောက်ခဲ့ပြီး မြို့ကို တိုက်ရိုက် ဖြတ်သန်းမှု မရှိခဲ့တာကြောင့် အရမ်းဆိုးရွားတဲ့ ပျက်စီးမှုတွေကို ရှောင်နိုင်ခဲ့ပါတယ်။

မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်ပြီး ပီလ်ဘာရာ ဒေသဆီ ဆက်လက် ရွေ့လျားသွားချိန်မှာ ပြင်းအားက နည်းနည်း လျော့သွားခဲ့ပေမယ့် Category fourအဆင့် မုန်တိုင်းအဖြစ် ဆက်ရှိနေဆဲပါ။

မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းတလျှောက်မှာ ဒေသခံတွေဟာ အိမ်တွေကို သဲအိတ်တွေနဲ့ အားဖြည့်ကာကွယ်တာ၊ လိုအပ်တဲ့ ကုန်စည်တွေ ကြိုတင်ဝယ်ယူ စုဆောင်းတာတွေ လုပ်ခဲ့ပြီး မုန်တိုင်းတိုက်ခတ်ချိန် အိမ်ထဲမှာပဲ နေခဲ့ကြပါတယ်။

ပို့ထ်ဟတ်ဒ်လန်းမှာတော့ လေပြင်းတွေကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်တာမျိုးထိ ကြုံခဲ့ရပေမယ့် ဆိုးဆိုးရွားရွား ရေကြီးတာတွေတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ဩစတြေးလျ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းဟာ ဆိုင်ကလုန်းတွေဒဏ် သက်ရောက် ခံစားရမှု အမြင့်ဆုံး နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ အနောက်ဩစတြေးလျမှာ နောက်ဆုံးအကြိမ် Category fiveအဆင့် မုန်တိုင်း တိုက်ခတ်ခဲ့တာဟာ ၂၀၂၃ ခုနှစ် ဧပြီလကဖြစ်ပြီး ဆိုင်ကလုန်း အီလ်ဆာနဲ့ ကြုံတွေ့ခဲ့တာပါ။

အနောက်ဩစတြေးလျမှာရှိတဲ့ ပီလ်ဘာရာ ဒေသမှာ သံရိုင်း၊ ကြေးနီနဲ့ ရွှေသတ္တုတွင်းတွေ ရှိနေပြီး ဩစတြေးလျရဲ့ အကြီးမားဆုံး သတ္တုတူးဖော်ရေး လုပ်ငန်းနယ်မြေ တစ်ခုအဖြစ်လည်း ရပ်တည်နေကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

နိုင်ငံတကာ

ဩစတြေးလျ နိုင်ငံမှာ ရှားပါးလှတဲ့ အခြေအနေတစ်ခုအဖြစ် ရုပ်ချင်းအရမ်းတူတဲ့ လေးမြွှာပူး သမီးလေးတွေ ဖွားမြင်ခဲ့ကြောင်း သိရပါတယ်။