Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင်စစ်ကောင်စီသတင်းပေးဟု လူသိများသူအပါအဝင်မိသားစုဝင်လေးဦး သေနတ်ဖြင့်ပစ်သတ်ခံရ၊ ကလေးငယ်ကို မပစ်ဘဲချန်ခဲ့

ထီးချိုင့်မြို့နယ် အေးချမ်းလွင်ကျေးရွာမှ ကိုဖိုးတုတ်ဆိုသူနှင့် ၎င်း၏ မိသားစုဝင်သုံးဦးကို စက်တင်ဘာ ၂၆ရက်ညနေတွင် လူတစ်စုကလာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

People's Spring
People's Spring

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဒလန်ဟု လူသိများသူနှင့် သူ၏မိသားစုမှ ကလေးငယ်ကိုသာချန်၍ ကျန်မိသားစုဝင်သုံးဦးကိုလူတစ်စုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ် အေးချမ်းလွင်ကျေးရွာမှ ကိုဖိုးတုတ်ဆိုသူနှင့် ၎င်း၏ မိသားစုဝင်သုံးဦးကို စက်တင်ဘာ ၂၆ရက်ညနေတွင် လူတစ်စုကလာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

“အဲဒီလူ(ကိုဖိုးတုတ်)က ဒလန်လို့ လူသိများတယ်။လာသတ်သွားတာက မှန်တယ်။ လေးယောက်သေတယ်။ ကလေးတစ်ယောက်ကိုတော့ ဘာမှလုပ်မသွားဘူး။ ကျန်တာတော့ အသေးစိတ် မသိ‌သေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ကိုဖိုးတုတ်၏ မိသားစုတွင် အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးရှိပြီး ယင်းကလေးကို သေနတ်သမားများက မထိခိုက်စေခဲ့၍ ရှင်သန်ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အသေးစိတ်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့သည် စစ်အာဏာ ရှင်တော်လှန်ရေးတွင် တက်ကြွသည့် မြို့ဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီနှင့် KIA၊ဒေသခံPDF ပူးပေါင်းအဖွဲ့တို့မကြာခဏတိုက်ပွဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။