Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်တွင်စစ်ကောင်စီသတင်းပေးဟု လူသိများသူအပါအဝင်မိသားစုဝင်လေးဦး သေနတ်ဖြင့်ပစ်သတ်ခံရ၊ ကလေးငယ်ကို မပစ်ဘဲချန်ခဲ့

ထီးချိုင့်မြို့နယ် အေးချမ်းလွင်ကျေးရွာမှ ကိုဖိုးတုတ်ဆိုသူနှင့် ၎င်း၏ မိသားစုဝင်သုံးဦးကို စက်တင်ဘာ ၂၆ရက်ညနေတွင် လူတစ်စုကလာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

People's Spring
People's Spring

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဒလန်ဟု လူသိများသူနှင့် သူ၏မိသားစုမှ ကလေးငယ်ကိုသာချန်၍ ကျန်မိသားစုဝင်သုံးဦးကိုလူတစ်စုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ် အေးချမ်းလွင်ကျေးရွာမှ ကိုဖိုးတုတ်ဆိုသူနှင့် ၎င်း၏ မိသားစုဝင်သုံးဦးကို စက်တင်ဘာ ၂၆ရက်ညနေတွင် လူတစ်စုကလာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

“အဲဒီလူ(ကိုဖိုးတုတ်)က ဒလန်လို့ လူသိများတယ်။လာသတ်သွားတာက မှန်တယ်။ လေးယောက်သေတယ်။ ကလေးတစ်ယောက်ကိုတော့ ဘာမှလုပ်မသွားဘူး။ ကျန်တာတော့ အသေးစိတ် မသိ‌သေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ကိုဖိုးတုတ်၏ မိသားစုတွင် အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးရှိပြီး ယင်းကလေးကို သေနတ်သမားများက မထိခိုက်စေခဲ့၍ ရှင်သန်ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အသေးစိတ်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့သည် စစ်အာဏာ ရှင်တော်လှန်ရေးတွင် တက်ကြွသည့် မြို့ဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီနှင့် KIA၊ဒေသခံPDF ပူးပေါင်းအဖွဲ့တို့မကြာခဏတိုက်ပွဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။