Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ၏ မြစ်ဆုံစီမံကိန်း ပြန်စရန်​သွေးတိုးစမ်းမှုတရုတ်အကူအညီဖြင့် နိုင်ငံ​ရေးထွက်​ပေါက်ရရန်ကြိုးစားခြင်းဟု ​လေ့လာသူများသုံးသပ်

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။

(ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့စဥ်။ ဓါတ်ပုံ-ရိုက်တာ၊ DVB)
(ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့စဥ်။ ဓါတ်ပုံ-ရိုက်တာ၊ DVB)

ရဲ​ခေါင် ၊ဒီပ/People’s Spring

စစ်​ကောင်စီက ဧရာဝတီ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် ဆိုကာ စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့စည်း၍ ​သွေးတိုးစမ်းလာခြင်းသည် စစ်ရှုံးပြီး ဘက်​ပေါင်းစုံအကြပ်ဆိုက်​နေသဖြင့် တရုတ်အကူအညီယူ၍ နိုင်ငံ​ရေးထွက်​ပေါက် ရရန် ကြိုးစား​သော လုပ်ရပ်တစ်ခုဖြစ်​ကြောင်း နိုင်ငံ​​ရေး ၊စစ်​ရေး​လေ့လာသူအချို့က သုံးသပ်​ပြောကြားလိုက်သည်။

“စစ်ကောင်စီက သူ့ နိုင်ငံရေး ထွက်ပေါက်ရဖို့ အသည်းအသန် ကြိုးစား နေတဲ့ လုပ်ရပ်တခု လို့ ပဲ မြင်ပါတယ်။လက်ရှိ မှာ စကစ တိုက်ရိုက် ထိန်းချုပ် နိုင်တဲ့ နေရာတွေ တနေ့တခြားလျော့ပါးလာပြီး၊ တိုက်တိုင်းရှုံးတဲ့ အထိ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကျဆင်းနေတဲ့ အခြေနေ ဖြစ်ပါတယ်။မအလ ဟာ နိုင်ငံတကာ၊ တရုတ်အပါအဝင် အသိအမှတ်ပြုထားတဲ့ အစိုးရ (​ရွေး​ကောက်ခံအရပ်သားအစိုးရ) ကို အာဏာသိမ်း နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ထားသူ ဖြစ်လို့ အိမ်နီးချင်း နိုင်ငံ တွေက တရားဝင် အသိအမှတ်ပြု ဆက်ဆံ မှု မခံရပါဘူး။ ဒီလို အချိန်မှာ သူ့ သက်တမ်းလေးကို ဆက်နိုင်မလား ဆိုတဲ့ ရည်ရွယ်ချက် နဲ့ သူ့ကို အသိ အမှတ်ပြုရင်သူ့ဘက်က တော့ ဒါတွေပေးနိုင်ပါတယ်၊ သူက တရုတ် အကျိုးစီးပွါး ထမ်းဆောင်ပါ့မယ် ဆိုတဲ့ သတင်းစကားပါးတာပါပဲ”ဟု ကချင်တိုင်းရင်းသားနိုင်ငံ​ရေးသမားတစ်ဦးကပြောကြားသည်။

အခြားစစ်​ရေး ရင်းမြစ်တစ်ဦးကလည်း စစ်​ကောင်စီက မြစ်ဆုံစီမံကိန်းကိုတရုတ်ကို​ပေး၍ ပြန်စမည်ဆိုခြင်းမှာတရုတ်၏ အကူအညီကိုယူ၍ KIA ၏ ထိုးစစ်ကိုရပ်ရန် ကြံစည်၍ လုပ်ဆောင်နေခြင်းသာဖြစ်​ကြောင်း​ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ဆိုကာ အာဏာသိမ်းစစ်ကောင်စီက “ဧရာဝတီမြစ်ဆုံ − မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့”ဟူ​သောအမည်ဖြင့် စစ်​ကောင်စီ လျှပ်စစ်ဒုဝန်ကြီးကိုအဖွဲ့​ခေါင်း​ဆောင်တာဝန်​ပေး၍ အဖွဲ့ဝင်စုစု​ပေါင်း ၁၁ ဦးပါဝင်​သည့် အဖွဲ့ကို ၂၀၂၄ ဧပြီ၂၄ ရက်တွင်ဖွဲ့စည်းခဲ့​ကြောင်းထုတ်ပြန်သည်။စစ်​ကောင်စီ၏ မေလ ၁၇ ရက်ထုတ် ပြန်တမ်းတွင်ဖော်ပြလာခြင်းဖြစ်သည်။

ထိုအဖွဲ့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကော်ပိုရေးရှင်း (SPICYN) နှင့် အတူ စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ ၊ နည်းပညာဆိုင်ရာ ဖြေ ရှင်းချက်နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်ကို​တွေ့ရသည်။

KIA ဦးဆောင်၍ မတ်လ (၇) ရက်နေ့မှစ၍ “၀၃၀၇ စစ်ဆင်ရေး” ဖြင့် ဧပြီလ ဒုတိယပါတ်အထိ လွယ်ဂျယ်မြို့အပါအဝင် ဗျူဟာကုန်း ၊တပ်ရင်း စခန်းကြီးများအပါအဝင်စခန်းကြီးငယ် ၈၀ ခန့် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးချိန်တွင် စစ်အုပ်စုက ဧပြီလ ၁၇ ရက်တွင်အထက်ပါ ဦးဆောင်အဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ၊ KIA က မေလ ၄ ရက်နေ့မှစ၍ စစ်ဆင်ရေးဒုတိယလှိုင်းကို ပြန်စကာ စခန်းကြီး၊ စခန်းငယ်များစွာကို ဆက်လက်သိမ်းပိုက်​နေချိန်တွင် စစ်ကောင်စီက မေလ ၁၇ရက်၌ ထိုအဖွဲ့ဖွဲ့စည်း​ကြောင်း ထုတ်ပြန်ခဲ့ခြင်း စသည်တို့​ကြောင့် တရုတ်၏ အကူအညီဖြင့် KIAထိုးစစ် စစ်ရှိန်ရပ်ရန် ကြံစည်လာခြင်းဖြစ်​ကြောင်း ကချင်စစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

အထူးသဖြင့် စီမံကိန်းဧရိယာဖြစ်​သော မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များတွင် တရုတ်အကူအညီဖြင့် စစ်ပွဲများမဖြစ်​အောင် ကြံစည်လာခြင်းဖြစ်နိုင်​ကြောင်း ၎င်းကသုံးသပ်​ပြောကြားသည်။

ထိုစီမံကိန်းမှာမေခ နှင့် မလိခမြစ်ပေါင်းဆုံရာမြစ်ဆုံ ၊မြစ်ညှာတွင် ​စုစု​ပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မည့် ရေကာတာ ၇ ခုအပါအဝင်​ စုစု​ပေါင်း​ရေကာတာ၈ ခုဖြင့် ဓါတ်အားထုတ်လုပ်မည်ဆိုကာ ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ၏ စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။

စီမံကိန်းအတွက်စုစုပေါင်းရင်နှီးမြှပ်နှံမှုတန်ဖိုး အမေရိကန်‌ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီးတရုတ်အစိုးရပိုင် -CPI ကုမ္ပဏီ ၊ မြန်မာအစိုးရ နှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ရန်စီစဥ်ခဲ့သည်။ အစုရှယ်ယာမှာ CPI ကာ ၈၀ ရာခိုင်နှုန်း ၊ စစ်အစိုးရ ၁၅ ရာခိုင်နှုန်း ၊ Asia World ၅ ရာခိုင်နှုန်းဖြစ်သည်။

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။

(ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့စဥ်။ ဓါတ်ပုံ-ရိုက်တာ၊ DVB)
(ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့စဥ်။ ဓါတ်ပုံ-ရိုက်တာ၊ DVB)

မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြောင်းတလျောက်လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်နိုင်မှု၊ အချုပ်အခြာအာဏာ နှင့် နိုင်ငံ​တော်လုံခြုံ​ရေးထိခိုက်နိုင်မှု စသည်တို့​ကြောင့် ၂၀၁၁ ခုနှစ်တွင် ပညာရှင်များကဦး​ဆောင် ထောက်ပြပြီး နိုင်ငံတစ်ဝန်းမှပြည်သူများက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။

ထိုနောက် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်၏ စစ်သားတစ်ပိုင်း အရပ်သားတစ်ပိုင်းအစိုးရက ၂၀၁၁ ခုနှစ် ၊စက်တင်ဘာလကုန်ပိုင်းတွင် စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။

​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက် ၂၀၁၆-၂၀၂၀ကာလ တွင်လည်းထိုစီမံကိန်းကိုဆက်လက်ရပ်ဆိုင်းခဲ့သည်။

စစ်​ကောင်စီက အာဏာသိမ်းပြီး ၃ နှစ်​ကျော်အချိန် နိုင်ငံတစ်ဝန်း မြို့​ပေါင်း ၆၀ ခန့် နှင့် စစ်စခန်း​ပေါင်း​ထောင်ချီ ဆုံးရှုံး​နေချိန် ၊ အထူသဖြင့် ကချင်ပြည်နယ်တွင် KIA ကမြို့များ စစ်စခန်းများ ဆက်တိုက်သိမ်းလာချိန် ၌ စီမံကိန်းပြန်စမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

၂၀၀၉ မှ ၂၀၁၁ ခုနှစ်အထိ မြစ်ဆုံစီမံကိန်းကို ဆန်ကျင်ခဲ့​သောလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့​သော ဘဘာဝသယံဇာတထိန်းသိမ်း​ရေး ပညာရှင်တစ်ဦးကလည်း ကြီးမား​​သော​ရေအားလျှပ်စစ်စီမံကိန်းများကို ​အများပြည်သူဆန္ဒဖြင့် ဒီမိုက​ရေစီနည်းကျ​ရွေး​ကောင်တင်​မြှောက်ထား​သော​ရွေး​ကောက်ခံအစိုးရလက်ထက်တွင် မှ အများပြည်သူ၏ဆန္ဒသ​​ဘောထား​ကောက်ယူ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း​ပြောသည်။

“လက်ရှိ လျှပ်စစ် စွမ်းအင် ကဏ္ဍမှာ ရေအားလျှပ်စစ် ရဲ့ ထုတ်ယူနိုင်မှု ဟာ မဂ္ဂါဝက် တသိိန်း နီးပါးရှိတယ်လို့ သုတေသန အချို့ က ဆိုပါတယ်။ ဒီသုတေသန တချို့ ဟာ ပြည်တော် သာခေတ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ က ပြုစု ခဲ့တာ ဖြစ်လို့ လက်ရှိ စိန်ခေါ် မှု တွေ ကို ထည့်သွင်းမစဉ်းစားထားပါဘူး။ဥပမာ ကမ္ဘာ လုံးဆိုင်ရာ ဥတုကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန် တိုးတက်မှု ရဲ့ ဆည်ကြီးများ အပေါ် သက်ရောက်မှု၊ ရှည်ကြာလှတဲ့ ပြည်တွင်း စစ်ကြောင့် ရေဝေရေလဲ တော များလျင်မြန်စွာ ပြုန်းတီး ကုန်တာ၊ နိုင်ငံရေး အနေအထား ပြောင်းလဲ ကုန်တာ စသည် စသည် ဖြင့် ရှိပါတယ်။ဒီလို ပြီးပြညိ့စုံတဲ့ သဘာဝပတ်ဝန်းကျင်၊ စီးပွါးရေး တွက်ဆမှု၊ လူမှု ဝန်းကျင် ဆန်းစစ် မှု ကို တနိုင်ငံလုံးလွှမ်းခြုံပြီး ကောက်ယူပြုစု ရပါမယ်။ဒါဆို ပြည်သူများ ဒီမိုကရေစီ နည်းကျကျ မျှတ တဲ့ ချဉ်းကပ်မှု၊ သေချာ နားလည်ပြီး ဆုံးဖြတ် တဲ့ ဆုံးဖြတ်ချက် များ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်”ဟု ၎င်းက အကြံပြု​ပြောကြားသည်။

(ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့စဥ်။ ဓါတ်ပုံ-ရိုက်တာ၊ DVB)
(ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့စဥ်။ ဓါတ်ပုံ-ရိုက်တာ၊ DVB)

ထိုအပြင် အထက်ပါ သဘာဝသယံဇာတထိန်းသိမ်း​ရေးပညာရှင်က “လျှပ်စစ် နဲ့ စွမ်းအင် ကဏ္ဍ ဟာ ဖက်ဒရယ်ကို လက်တွေ့ ကျင့်သုံးရမယ့် ကဏ္ဍ ဖြစ်လို့ ကျနော် တို့ ပဲ သီးသန့် ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး၊ဆွေးနွေးပြောဆိုစရာ ရှိတာ တွေကို FDC ( ဖက်ဒရယ် ဒီမိုက​ရေစီပဋိညာဥ် )မူ နဲ့ အညီ တိုင်ပင် လုပ်ဆောင်သွားမှာပါ” ဟုဆက်​ပြောသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ ဖက်ဒရယ် ဒီမိုက​ရေစီ စနစ်ကျင့်သုံးနိုင်ရန် ​တော်လှန်​ရေးအင်အားစုများ ၊ ပြည်သူများက အာဏာသိမ်းစစ်​ကောင်စီကို​ ခုခံ​တော်လှန်၍ ကြိုးပမ်း​နေကြခြင်းဖြစ်သည်။

စစ်​ကောင်စီက နိုင်ငံတစ်ဝန်း စစ်မျက်နှာ အများစုတွင် ရှုံး​နေပြီး ဘက်​ပေါင်းစုံအကြပ်ဆိုက်လာချိန်တွင် ၎င်းတို့ကို အဓိက ကူညီ​ပေး​နေသည့် ရုရှားနှင့် ထားဝယ်​ရေနက်ဆိပ်ကမ်းအကျိုးတူလုပ်ကိုင်မည်ဟု ထုတ်ပြန်လာသလို ၊တရုတ်နိုင်ငံဖြင့် မြစ်ဆုံ စီမံကိန်းပြန်စမည်ဟု ​ကြေညာလာခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းရန် မြစ်ကြီးနားဒေသခံ လူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။