Connect with us

Hi, what are you looking for?

News

ပမာဏများစွာဖြင့်အ​ရောင်းအဝယ်ပြုလုပ်​သော​​ဈေးကွက်တွင် ​ဒေါ်လာ​ဈေး ၃၂၀၀ ကျပ်​​ရောက်၊ ​​ရွှေ​ဈေးလည်း ၂၂ သိန်း​ကျော်

“အဓိက တစ်နိုင်ငံလုံးစစ်ရေးတင်းမာလာတာရယ်။ ကျပ်ငွေကို မယုံကြည်တော့ရယ်ကြောင့် အခုလို ဈေးတွေ ကမောက်ကမဖြစ်ပြီး တရှိန်ထိုးတက်နေတာ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကြောင့် ပမာဏများ​​စွာဖြင့်အ​ရောင်းအဝယ်ပြုလုပ်​သော ​ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ကျပ်နှင့် အခေါက်ရွှေ တစ်ကျပ်သား ၂၂သိန်းကျော်အထိ မြင့်တက်လာကြောင်း ငွေလဲကောင်တာပိုင်ရှင်များနှင့် ရွှေဆိုင်ပိုင်ရှင်များကပြောသည်။

အာဏာသိမ်းစစ်​ကောင်စီ​ကြောင့် နိုင်ငံအနှံစစ်ရေးတင်းမာလာခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာနှစ်ကုန်ဖြစ်၍ ဒေါ်လာများဝယ်လိုအားများလာခြင်း ၊ကျပ်​​ငွေအ​ပေါ် ယုံကြည်မှု မရှိ​တော့ခြင်း စသည်တို့​ကြောင့် ယခုလိုဒေါ်လာဈေးအဆမတန်မြင့်တက်လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များကပြောသည်။

“အဓိက တစ်နိုင်ငံလုံးစစ်ရေးတင်းမာလာတာရယ်။ ကျပ်ငွေကို မယုံကြည်တော့ရယ်ကြောင့် အခုလို ဈေးတွေ ကမောက်ကမဖြစ်ပြီး တရှိန်ထိုးတက်နေတာ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းတွင် တစ်ဒေါ်လာကို ၂၅၅၀ကျပ်နှင့် ရွေတစ်ကျပ်သားကို ၂၀၅၀၀၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ ညနေပိုင်းတွင် တစ်ဒေါ်လာကို ၃၂၀၀ကျပ်နှင့် ရွှေတစ်ကျပ်သား ၂,၂၂၀,၀၀၀ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်။
ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအားမှ မြင့်တက်နေပြီး ကြိုက်ဈေးဖြင့် ရောင်းဝယ်နေကြသည်ဟု လုပ်ငန်းရှင်များကပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေးကမောက်ကမဖြစ်နေခြင်းကြောင့် ငွေလဲကောင်တာအချို့ပိတ်ထားသည်။ ရွှေဆိုင်တချို့လည်း အရောင်းအဝယ်ပိတ်ခဲ့ရသည်ဟုလုပ်ငန်းရှင်များကဆိုသည်။

ရွှေဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များက နေလယ်ပိုင်းတွင် ၂၂၂၀၀၀၀ကျပ်အထိဈေးဖွင့်ခဲ့ပြီး ညနေအပိတ်ဈေးတွင် ၂၂၁၃၀၀၀ကျပ်အထိပြောင်းလဲခဲ့သည်။ ပြင်ပပေါက်ဈေးတွင် ၂၂၂၀၀၀၀ကျပ် ဖြင့်ဈေးပိတ်ခဲ့သည်။

ဒေါ်လာဈေးသည် ပမာဏများသည့် အရောင်းအဝယ်တွင် တစ်ဒေါ်လာ ၃၂၀၀ ကျပ်အထိ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး ၊ပုံမာန်​ပမာဏအ​ရောင်းအဝယ်တွင် ၁ ​ဒေါ်လာ ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

“ဒေါ်လာဈေးက အခုမှ စတက်တယ်ဆိုရမယ်။ ဆက်တက်ဖို့ပဲရှိတယ်။ အခုက ပို့ကုန်က ဝင်ငွေမရှိဆိုတော့ ဒေါ်လာဈေးက တက်နေမှာပဲ”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးကျဆင်းရန် စက်သုံးဆီ၊ စားအုန်းဆီတို့ဝယ်ယူရန် လုပ်ငန်းရှင်များကို ဒေါ်လာများထုတ်ရောင်းပေးခြင်း၊ နိုင်ငံခြားပို့ကုန်ရငွေမှ ဒေါ်လာများကို အတင်းအဓမ္မရောင်းချစေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်စျေးအရ ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျင် ကျပ် ၅၅ သိန်း​ကျော်( ၅,၅၁၄,၅၃၇ ဖြစ်​သော်လည်းပြင်ပပေါက်စျေးကွက်တွင်ကျပ်၆၃သိန်းကျော်( ၆,၃၅၀,၀၀၀)​

သတင်း

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။

နိုင်ငံတကာ

ဆူဘီယန်တိုကတော့ အဲဒီ တိုက်လေယာဉ်တွေဟာ နောက်ထပ် ၁၅ နှစ်လောက် စစ်မှုထမ်းနိုင်ဆဲဖြစ်ပြီး အသစ်မှာယူမယ့် မျိုးဆက်သစ် တိုက်လေယာဉ်တွေ ရောက်ရှိမလာခင် ကြားကာလမှာ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

သတင်း

ပြည်တွင်း လစာငွေ ပြန်လွှဲရင် အပိုဆောင်းပေးမယ့် ကျပ်ငွေကို ငွေထုတ်တဲ့နေ့မှာတပါတည်း ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။