Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တိုက်လေယာဉ် အဟောင်းတွေကို ဒေါ်လာ သန်း ၈၀၀ နီးပါးပေး ဝယ်မယ့် အစီအစဉ် အင်ဒိုနီးရှား ဖျက်သိမ်း

ဆူဘီယန်တိုကတော့ အဲဒီ တိုက်လေယာဉ်တွေဟာ နောက်ထပ် ၁၅ နှစ်လောက် စစ်မှုထမ်းနိုင်ဆဲဖြစ်ပြီး အသစ်မှာယူမယ့် မျိုးဆက်သစ် တိုက်လေယာဉ်တွေ ရောက်ရှိမလာခင် ကြားကာလမှာ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

တိုက်လေယာဉ် အဟောင်းတွေကို ဒေါ်လာ သန်း ၈၀၀ နီးပါးပေး ဝယ်မယ့် အစီအစဉ် အင်ဒိုနီးရှား ဖျက်သိမ်း
တိုက်လေယာဉ် အဟောင်းတွေကို ဒေါ်လာ သန်း ၈၀၀ နီးပါးပေး ဝယ်မယ့် အစီအစဉ် အင်ဒိုနီးရှား ဖျက်သိမ်း

ဝေဖန်မှုတွေ အပြင်းအထန် ကြုံလာတဲ့နောက် အင်ဒိုနီးရှားဟာ တိုက်လေယာဉ် အဟောင်းတွေကို ဒေါ်လာ သန်း ၈၀၀ နီးပါးပေးပြီး ဝယ်ယူမယ့် အစီအစဉ်ကို အပြီးတိုင် ဖျက်သိမ်းလိုက်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ ပြင်သစ်လုပ် Mirage 2000-5 အမျိုးအစား တိုက်လေယာဉ် အဟောင်းတွေကို ကာတာဆီကနေ ဒေါ်လာ သန်း ၇၉၀ နဲ့ ဝယ်ယူဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ တစ်ပတ်ရစ်တွေ ဖြစ်တဲ့အပြင် နည်းပညာအရလည်း ခေတ်နောက်ကျနေပြီလို့ ဆိုနိုင်တဲ့ တိုက်လေယာဉ်တွေကို စျေးကြီးကြီး ပေးဝယ်မယ့် အစီအစဉ်အပေါ် အတိုက်အခံတွေက အပြင်းအထန် ဝေဖန် မေးခွန်းထုတ်ခဲ့တဲ့နောက် အစောပိုင်းမှာ အဲဒီကိစ္စကို အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

အခုအခါမှာတော့ Mirage တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း၊ အဲဒီကိစ္စဟာ စီမံကိန်း အဆင့်မှာ ရှိခဲ့ပေမယ့် အတိအကျ စာချုပ်ထားခဲ့တာတော့ မဟုတ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဒါဟ်နီးလ် အန်ဇာ ဆီမန်ဂျွန်တက်ခ်က ပြောပါတယ်။ သူက အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

အင်ဒိုနီးရှား အစိုးရက တိုက်လေယာဉ် အဟောင်းတွေ ဝယ်ယူဖို့ စဉ်းစားခဲ့တာနဲ့ ပတ်သက်ပြီး လေတပ်အတွက် လတ်တလော တိုက်လေယာဉ် လိုအပ်ချက်တွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြည့်တင်းပေးနိုင်ဖို့ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်လေယာဉ် အဟောင်းတွေ ဝယ်ယူမယ့် ကိစ္စကို ဆိုင်းငံ့ကြောင်း ပြီးခဲ့တဲ့လက ကြေညာချိန်မှာတော့ အစိုးရက ကာကွယ်ရေးဘတ်ဂျတ် မလုံလောက်တာကြောင့်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအစား လေတပ်မှာ ရှိရင်းစွဲ အသုံးပြုနေတဲ့ Sukhoiနဲ့ F-16 တိုက်လေယာဉ်တွေကို ခေတ်နဲ့အညီ နည်းပညာပိုင်း အဆင့်မြှင့် မွမ်းမံနိုင်မယ့် kitတွေသာ မှာယူတော့မယ်လို့ ဆိုပါတယ်။

တိုက်လေယာဉ် အဟောင်း တစ်ဒါဇင်ဝန်းကျင်ကို ဒေါ်လာ သန်း ၈၀၀ နီးပါးပေးဝယ်မယ်ဆိုတဲ့ ကိစ္စကို မနှစ်က ကြေညာလိုက်ချိန် ကတည်းက အတော်လေး ဂယက်ထခဲ့ပြီး ဝေဖန်ခံခဲ့ရပါတယ်။ အခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ အတော်လေး ရေပန်းစားနေတဲ့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို ဆိုရင်လည်း အဲဒီကိစ္စကို အကြောင်းပြုပြီး ပြိုင်ဘက်တွေရဲ့ ထိုးနှက်လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

ဆူဘီယန်တိုကတော့ အဲဒီ တိုက်လေယာဉ်တွေဟာ နောက်ထပ် ၁၅ နှစ်လောက် စစ်မှုထမ်းနိုင်ဆဲဖြစ်ပြီး အသစ်မှာယူမယ့် မျိုးဆက်သစ် တိုက်လေယာဉ်တွေ ရောက်ရှိမလာခင် ကြားကာလမှာ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

သူဟာ စစ်တပ်ရဲ့ သက်တမ်း အိုမင်းလာတဲ့ တိုက်လေယာဉ်တွေ အပါအဝင် စစ်လက်နက်တွေကို ခေတ်နဲ့အညီ အဆင့်မြှင့်တင်ဖို့ ရည်မှန်းချက်တွေကို အဓိက ဦးဆောင်နေပြီး အဲဒီ အစီအစဉ်တွေထဲမှာ ပြင်သစ်လုပ် Rafale တိုက်လေယာဉ်တွေ ဝယ်ယူဖို့၊ တူရကီဆီကနေ ဒရုန်းတွေ ဝယ်ယူဖို့နဲ့ အမေရိကန်ရဲ့ Boeingနဲ့ Lockheed Martinတို့က ထုတ်လုပ်တဲ့ တိုက်လေယာဉ်၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ ဆိုတာတွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ဆောင်းပါး

မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊​ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။