Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက်လုပ်သားတွေ ငွေပြန်လွှဲရင် တစ်ဒေါ်လာ ကျပ် ၃၀ အပိုပေးမယ်လို့စစ်ကောင်စီမက်လုံးပေး

ပြည်တွင်း လစာငွေ ပြန်လွှဲရင် အပိုဆောင်းပေးမယ့် ကျပ်ငွေကို ငွေထုတ်တဲ့နေ့မှာတပါတည်း ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဓာတ်ပုံ − RFA
ဓာတ်ပုံ − RFA

ပြည်ပရောက် လုပ်သားတွေရဲ့ လစာငွေ ပြည်တွင်းကို ပြန်လွှဲရင် အမေရိကန်တစ်ဒေါ်လာ ကို ကျပ် ၃၀ အပိုဆောင်းပေးမယ်လို့စစ်ကောင်စီက မက်လုံးပေးလိုက်ပါတယ်။

ငွေလွှဲရာမှာ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကား လိုင်စင်ရ ဘဏ်တွေကတဆင့် လွှဲပေးရမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီဟာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ပေါက်ဈေးသတ်မှတ်ထားတာပါ။

ပြည်တွင်း လစာငွေ ပြန်လွှဲရင် အပိုဆောင်းပေးမယ့် ကျပ်ငွေကို ငွေထုတ်တဲ့နေ့မှာတပါတည်း ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုအပိုဆောင်းပေးမယ့်အစီအစဉ်ဟာ လာမယ့်နိုဝင်ဘာလ ၁ ရက်မှာ စတင်မှာဖြစ်ပါတယ်။

ဒါပေမယ့်ပြင်ပဈေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။